DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင်း ယာဉ်အန္တရာယ်မဖြစ်ပွားစေရန် မန္တလေးတွင် ပညာပေး
DVB
·
April 9, 2018
သင်္ကြန်တွင်း ယာဉ်အန္တရာယ်မဖြစ်ပွားစေရန် မန္တလေးတွင် ပညာပေး
Donate to DVB

လာမယ့် မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်မဖြစ်ပွားစေဖို့ ယာဉ်မောင်းသူ တွေကို အသိပညာပေးတာတွေကို မန္တလေးမြို့ လူစည်ကားရာ ဈေးတွေနဲ့ လမ်းဆုံလမ်းထောင့် နေရာတွေမှာ မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက ဧပြီ ၈ ရက်နေ့မှာ ပညာပေး လက်ကမ်းစာစောင်တွေ စတင်လုပ်ဆောင်နေပါတယ်။

ဆိုင်ကယ်တွေကို အိတ်ဇောဖွင့်မောင်းသူတွေကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဒုရဲမှူး သိုက်နိုင်ထွန်းက ပြောပါတယ်။

၂၀၁၇ ခုနှစ်က ယာဉ်မတော်တဆမှု ၃၅၇ မှု၊ ဒဏ်ရာရရှိသူ ၇၅၉ ဦး၊ သေဆုံးသူ ၁၃၉ ဦး ဖြစ်ပွားခဲ့တာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်နဲ့ တောသင်္ကြန်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ပူးပေါင်းဆောင်ရွက်မှုတွေ စတင်လုပ်ဆောင်နေပါတယ်။

မဟာသင်္ကြန်ကာလအတွင်း မော်တော်ယာဉ်များမှာ ယာဉ်ကြောပြောင်းပြန်စီးနင်း မောင်းနှင်ခြင်း မပြုရ၊ ထော်လာဂျီနဲ့ အနှေးယာဉ်များ ရေကစားခြင်း မပြုလုပ်ရ၊ မော်တော်ဆိုင်ကယ်များ အိတ်ဇောပိုက်ဖြုတ်၍ စီးနင်းခြင်းနဲ့ အသံကျယ်လောင်စွာ စီးနင်းခြင်းမပြုရ၊ နံပါတ်ပြားမပါဘဲ စီးနင်းခြင်းမပြုရ၊ မော်တော်ယာဉ်များမှာ သင်္ကြန်ကာလအတွင်း ညစ်ညမ်းသော စာသားများနဲ့ မသင့်လျော်သောပစ္စည်းများနဲ့ ပန်းချီရုပ်ပုံ ရေးသားချိတ်ဆွဲ၍ မရပါ ဆိုတဲ့ ကြေညာလက်ကမ်းစာစောင်တွေကို မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက အသိပညာပေးတွေ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013