DVB Logo
Home
မြန်မာသတင်း
ပဲနွယ်ကုန်းတွင် ယာဉ်တိုက်မှုဖြစ်၍ ၂ ဦး သေဆုံး၊ ယာဉ်မောင်းထွက်ပြေး
DVB
·
April 8, 2018
ပဲနွယ်ကုန်းတွင် ယာဉ်တိုက်မှုဖြစ်၍ ၂ ဦး သေဆုံး၊ ယာဉ်မောင်းထွက်ပြေး
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်မြို့ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် (၁၂၀/၅နဲ့ (၁၂၀/၆) အကြားမှာ ဒီနေ့မနက်ပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိလို့ ၂ ဦးသေဆုံးသွားပြီး ခြောက်ဘီးယာဉ်မောင်း ထွက်ပြေးသွားတယ်လို့ ပဲနွယ်ကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ကားနဲ့ ဆိုင်ကယ်က လာတာကတော့ လားရာတူပဲ။ ကားကဘောလုံးကွင်းထဲမှာ သဲချဖို့ ကွေ့လိုက်တဲ့အချိန်မှာ နောက်ကပါလာတဲ့ ဆိုင်ကယ်က ကားရဲ့ဘေးကိုတိုက်မိပြီး ကြိတ်မိသွားတာပါ။ ဆိုင်ကယ်ပေါ်ကပါတဲ့ နှစ်ယောက်လုံး နေရာမှာတင် သေဆုံးသွားပါတယ်။ ခြောက်ဘီးယာဉ်မောင်းကတော့ ထွက်ပြေးသွားလို့ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။"

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်က ၂ ဦးလုံး ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ခြောက်ဘီးယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆိုင်ကယ်ယာဉ်မောင်း စိုးညွန့် (သေဆုံး) နဲ့ ခြောက်ဘီးယာဉ်မောင်း ဟန်မင်းထွန်းတို့ကို လူ့အသက်သေဆုံးတဲ့အထိ ယာဉ်အားမဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ နဲ့ ပဲနွယ်ကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်လှစ်ထားပါတယ်။

သေးဆုံးသူ ၂ ဦးကို ပဲနွယ်ကုန်းဆေးရုံ ပို့ဆောင်ထားကာ ထွက်ပြေးသွားတဲ့ ခြောက်ဘီးယာဉ်မောင်းအား ဖမ်းစီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း ကျော်အောင်(ကညွတ်ကွင်း)

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013