DVB Logo
Home
မြန်မာသတင်း
ရှေးဟောင်းဓာတ်ပုံများ ပြသထားသည့် နောက်ဖေးလမ်းကြားဥယျာဉ် ရန်ကုန်တွင် ဖွင့်လှစ်
DVB
·
April 8, 2018
ရှေးဟောင်းဓာတ်ပုံများ ပြသထားသည့် နောက်ဖေးလမ်းကြားဥယျာဉ် ရန်ကုန်တွင် ဖွင့်လှစ်
1 / 6
Donate to DVB

 

ရှေးဟောင်းဓာတ်ပုံ ၂၀၀ နီးပါးလောက် ပြသထားတဲ့ နောက်ဖေးလမ်းကြားဥယျာဉ်ကို ဒီနေ့ မနက်က ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။

ဟိုးရှေးရှေးက ဓာတ်ပုံများလို့ အမည်ပေးထားပြီး ၃၁ လမ်းနဲ့ ဗိုလ်ဆွန်ပက်လမ်းကြား အလယ်ဘလောက်မှာ ဖွင့်လိုက်တာလို့ ရန်ကုန်တိုင်း အစိုးရရုံးက ထုတ်ပြန်ထားပါတယ်။

မြို့တော်ဝန်ဦးမောင်မောင်စိုးက “နောက်ဖေးလမ်းကြားဥယျာဉ်လို့ ပြောထားတယ်။ ရှေးဟောင်း ဓာတ်ပုံတွေ ချိတ်ဆွဲထားတယ်။ သာမာန်လူတယောက်ကြည့်ရင် ဒါက ဘာဆိုင်လို့လဲ။ လမ်းကြားက လမ်းကြားပေါ့။ ဘာဥယျာဉ်ဖြစ်စရာ လိုလဲဆိုပြီး ပြောရင် မှားသွားလိမ့်မယ်။ သူ့ရဲ့နောက်ကွယ်မှာ ဒါကိုတန်ဖိုးထားတတ်ရင် နေရာကိုလည်း တန်ဖိုးထားတတ်လာမယ်။ တန်ဖိုးထားမှုအပေါ် မူတည်ပြီးတော့ နောက်တလမ်း လုပ်ဖို့အတွက် စောင့်ကြည့်ရပါမယ်။ ဒါဟာ တကယ့် နိုင်ငံရေးသမားတွေရဲ့ စိတ်ကူးကောင်းလေးတွေပါ။ ဒီနောက်ဖေးလမ်းကြားဥယျာဉ်ကို ခုလိုမွမ်းမံပြီး တန်ဖိုးထားတတ်မှုတွေဟာ တဖြည်းဖြည်းနဲ့ ပျံ့နှံ့လာဖို့ဆိုရင် မီးခိုးရောင်ကနေ အဖြူရောင်ဘက်ကို ကူးလာတဲ့အခါ တခြားသူတွေ အားကျလာမယ်။ လူတွေဟာ အတုယူတတ်တဲ့ အကျင့်လေးတွေ ရှိကြပါတယ်။ ဒီလမ်းလေးကို အတုယူပြီး နောက်လမ်းတွေလည်း ကောင်းလာမယ်” လို့ ပြောပါတယ်။

ဒီလို လမ်းမျိုးတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးမှာ ဖြစ်သလို ရန်ကုန်မှာ ဒီလိုလမ်းတွေ အများကြီး ဖြစ်လာပါစေလို့လည်း မြို့တော်ဝန်က ဆက်ပြောပါတယ်။

ပန်းပဲတန်းမြို့နယ် တိုင်းဒေသကြီး ၁ ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက နောက်ဖေးလမ်းကြားကို ရှေးဟောင်းဓာတ်ပုံ ၂၀၀ နီးပါး ချိတ်ဆွဲ အလှဆင်ထားပြီး အနုပညာရှင်တွေဆီက ခွင့်ပြုချက် ယူထားတယ်လို့ ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ အပေါ်ထပ်တွေမှာနေတဲ့ ပြည်သူတွေ နောက်ဖေးလမ်းကြားကို အမှိုက်မပစ်ဖို့ပါပဲ။ ဒီလိုမျိုး ဥယျာဉ်တွေဖြစ်လာအောင် လုပ်ထားမယ်ဆိုရင် သူတို့လည်း အမှိုက်ပစ်ရတာ လက်တွန့်သွားမယ်။ ဒီလိုရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ပြီးတော့ ပန်းပဲတန်းမြို့နယ်ထဲက ၃၁ လမ်းနဲ့ ၃၂ လမ်း အောက်ဘလောက်ကြားက နောက်ဖေး လမ်းကြား၊ ဗိုလ်ဆွန်ပက်လမ်းနဲ့ ၃၁ လမ်း အောက်ဘလောက်ကြားက နောက်ဖေး လမ်းကြားတွေကို လမ်းကြားဥယျာဉ်အဖြစ် ဆက်လုပ်သွားမယ်လို့လည်း ဦးသန်းနိုင်ဦးက ပြောပါတယ်။

၃၁ လမ်းနဲ့ ၃၂ လမ်းကြား၊ ၃၁ လမ်းနဲ့ ဗိုလ်ဆွန်ပက် လမ်းကြားတွေက နောက်ဖေးလမ်းကြားတွေကို လမ်းကြားဥယျာဉ်အဖြစ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013