DVB Logo
Home
မြန်မာသတင်း
ရခိုင်ရှိ မျိုးနွယ်စုဝင်များ၏ ရပိုင်ခွင့်များ ဆုံးရှုံးနေမှု တင်ပြ
DVB
·
April 8, 2018
ရခိုင်ရှိ မျိုးနွယ်စုဝင်များ၏ ရပိုင်ခွင့်များ ဆုံးရှုံးနေမှု တင်ပြ
1 / 4
Donate to DVB

 

ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိတဲ့ အခွင့်အရေးတွေဆုံးရှုံးနေမှုကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်အပေါ် အကောင်အထည်ဖော်ရေးကော်မတီကို တင်ပြခဲ့ကြပါတယ်။

ဝေးလံခေါင်းသီးပြီး ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး အစရှိတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စုဝင်တွေက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်အပေါ် အကောင်အထည်ဖော်ရေး ကော်မတီကိုတင်ပြခဲ့ကြပါတယ်။

မြောက်ဦးမြို့နယ် ခမီတိုင်းရင်းသားလူမျိုးစုငယ်ကိုယ်စားလှယ် ဦးရွှေဘိုက “ကျေးလက် ဒေသ ဝေးလံခေါင်းဖျားတဲ့ နေရာတွေမှာ ပညာရေးဝန်ထမ်းတွေ အားနည်းaနတယ်။ ဘာဖြစ်လို့ဆိုတော့ ရောက်လာတဲ့တိုင်လည်း ကြာကြာမနေနိုင်ကြဘူး။ ပညာရေးဌာနကို အကြောင်းကြားဖို့ ဆိုတာလည်း ကျနော့် ဒေသက ပေါက်တောကနေ ၃၅ မိုင်လောက် ဝေးကွာနေတယ်။ သူတို့အနေနဲ့ လာဖို့ဆိုတာလည်း မလွယ်ဘူး။ ရေလမ်းကိုဘဲ အားကိုး နေရတယ်”လို့ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစုငယ်တွေရဲ့ ရပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို စစ်တွေမြို့မှာ ဧပြီ ၇ ရက်ကပြုလုပ်ခဲ့ရာ တိုင်းရင်းသား မျိုးနွယ်စုဝင်တွေရဲ့ အခက်အခဲတွေကို အခုလို ဆွေးနွေးတင်ပြခဲ့ကြတာပါ။

မောင်တောမြို့နယ် မကျည်းကုန်းကျေးရွာက သက်တိုင်းရင်းသားမျိုးနွယ်စုဝင် ကိုကျော်ဆန်းဝင်းက “အဓိကတော့ ကျနော်တို့ဘက်တွေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ တွေပဲ၊ ဒါတွေ လုပ်ပေးနိုင်မယ်ဆိုရင်တော့ ပညာရေး၊ စီးပွားရေးတွေ ပိုပြီးတိုးတက်လာမယ့် အနေအထားရှိတယ်။ နောက်ပြီး  ဆေးရုံ၊ ဆေးခန်း လုပ်ပေးနိုင်ရင် ကောင်းမယ်။ ဒါတွေကို ဒီမှာဆွေးနွေးတယ်။ လုပ်ပေး၊ မလုပ်ပေးဆိုတာတော့ ကျနော်တို့စောင့်ကြည့်ရမှာ ပေါ့လေ” လို့ ပြောပါတယ်။

ဒီအလုပ်ရုံ ဆွေးနွေးပွဲကိုတော့ ရခိုင်ပြည်နယ်အတွင်းက ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေဖြစ်ကြတဲ့ ခမီ၊ ဒိုင်းနက်(ခေါ်)သက္ကမ၊ ချင်း၊ မရမာကြီး၊ ကမန် အစရှိတဲ့ တိုင်းရင်းသား လူမျိုးစုငယ်ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်အပေါ် အကောင်အထည် ဖော်ရေး ကော်မတီက ဦးဆောင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရရှိတဲ့ရလဒ်တွေကို စုစည်းပြီး ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီသို့ တင်ပြသွားမယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်အပေါ် အကောင်အထည်ဖော်ရေးကော်မတီ ညွန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်က “အဓိက သူတို့တင်ပြတာတွေကတော့ လမ်းပန်း ဆက်သွယ်ရေးတွေ ခက်ခဲနေတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေတာနဲ့အမျှ ပညာရေး တို့၊ စီးပွားရေးတို့ ဒီလိုဟာတွေပေါ့။ ရခိုင်ပြည်နယ်မှာ ဆိုလို့ရှိရင် ဒီလိုအခက်အခဲတွေကြောင့် ပညာရေးမှာလည်း အချိန်ပြည့်မလာနိုင်တာ။ ကျန်းမာရေးဝန်ထမ်းဆိုရင် သူတို့ ဆီကို အချိန်ပြည့် မနေနိုင်တာတွေ၊ ဒီလိုအခက်အခဲတွေ ပြောကြတယ်။ ဒီအခက်အခဲတွေကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီသို့ တင်ပြသွားမယ်” လို့ပြောပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးနဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေ၊ ကိုယ်စားလှယ်တွေ စုစုပေါင်း လူ ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013