
အိမ်မဲမြို့နယ်၊ သင်တောကျေးရွာမှာ သတ်ဖြတ်မီးရှို့ထားတဲ့ အလောင်း ၁ လောင်းတွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
အိမ်မဲမြို့နယ် သင်တောကျေးရွာ အရှေ့ဘက် လယ်ကွင်းအတွင်း ဧပြီ ၇ ရက်နေ့ ညနေပိုင်းက မီးလောင်ထားတဲ့ ကောက်ရိုးပြာပုံအတွင်းမှ အပုပ်နံ့ရကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ကြတယ်။
စစ်ဆေးရာမှာ ဆင်ဆိပ်ကျေးရွာနေ ဦးတင်ထွန်းရဲ့ လယ်ကွက်အတွင်း မီးလောင်ထားတဲ့ ကောက်ရိုးပြာပုံမှာ ကျား/မခွဲခြားမရဘဲ ဦးခေါင်းနဲ့ ခန္ဓာကိုယ်၊ ခြေလက်အရိုးအပိုင်း တစစီ ဖြစ်နေတဲ့ မီးလောင်ထားတဲ့ အလောင်း ၁ လောင်းအား စောင်အဟောင်းတစ်ထည်နဲ့ ပတ်ထားတာကို တွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
မီးရှို့သတ်ဖြတ်သွားသူ (စိစစ်ဆဲ)အား အိမ်မဲရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၃၀၂/၂၀၁ (လူသတ်မှု၊ သက်သေခံ ပစ္စည်းဖျောက်ဖျက်မှု) နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။











