DVB Logo
Home
မြန်မာသတင်း
ကော့သောင်း ပါချန်မြစ်ရေလျှံမှု ကျေးရွာများ ရေနစ်မြုပ်နေ
DVB
·
June 5, 2012
ကော့သောင်း ပါချန်မြစ်ရေလျှံမှု ကျေးရွာများ ရေနစ်မြုပ်နေ
1 / 2
Donate to DVB

တနင်္သာရီတိုင်း ကော့သောင်း ခရိုင်ထဲက ကျေးရွာတွေမှာ ခု ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် ပါချန်မြစ် ရေလျှံပြီး လူနေအိမ်တွေ ရေထဲ နစ်မြုပ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ခမောက်ကြီးမြို့နယ်ထဲမှာ ရှိတဲ့ အေးချမ်းသာ၊ အောင်ချမ်းသာ၊ ဖော့သုတ်၊ မာတန်း၊ ဆိပ်ဖူး၊ လုံးဖော စတဲ့ ရွာတွေမှာ ရေမြုပ်နေတာဖြစ်ပြီး ရာနဲ့ချီတဲ့ မိသားစုတွေ ရေဘေးဒုက္ခ ခံစားနေရတယ် လို့ ဒေသခံ တဦးက ပြောပါတယ်။

“အခုကျမတို့ အေးချမ်းသာရွာပေါ့နော်၊ အားလုံးရေတွေကြီးပြီး ရေနစ်နေကြတယ်။ မနေ့ကနေ စတက်တာပေါ့၊ ညကတော့ မြုပ်တော့တာပဲ။ မိုးရေကလည်း ကြီးတယ်။ မြစ်ရေကလည်း ကြီးတယ်။ မိုးရွာတာ ၁၀ ရက်လောက်ရှိပြီ၊ အခုဆိုရင် ကမ်းနားတန်းက ရွာတွေဆိုရင် တရွာလုံးမြုပ်လိမ့် မယ်။ အေးချမ်းသာ ရွာကတော့ အိမ်ခြေ ၅၀ လောက်မြုပ်တယ်။ ၂ ထပ်အိမ်တွေ လည်း ခေါင်လောက်ကို မြုပ်တာပဲ၊ ၁ထပ်အိမ်တွေတော့ မြုပ်ကုန်တာပေါ့။ ရဲစခန်းတွေလည်း ပါသွားတယ်။ လူအသေအပျောက်တော့ မရှိဘူး။ အားလုံးလွတ်ကြတယ်။ စက်လှေလေးတွေနဲ့ ရွာမကြီးထဲကို သယ်လာနိုင်ကြတယ်။ အဲဒီက ရွာသားတွေနဲ့ ဒီမှာရှိနေတဲ့ စေတနာရှင်တွေ ၀ိုင်းဝန်း လှူဒါန်းကြတယ်။ ကျမတို့ ရွာတွေက အားလုံးဝိုင်းလှူကြတယ်။”

နေအိမ်တွေ နစ်မြုပ်သွားပြီး နေစရာ မရှိ ဖြစ်နေတဲ့ ရွာသားတွေ ကတော့ ရေဘေး လွတ်ရာ ဆွေမျိုးသားချင်းတွေရဲ့နေအိမ်တွေ၊ ဓမ္မာရုံနဲ ဘုန်းကြီးကျောင်းတွေ မှာ ခေတ္တ ခိုလှုံနေကြရပါတယ်။

မိုးဆက်တိုက် ရွာနေ ဆဲဖြစ်တာကြောင့် ချောင်းတွေ အိုင်တွေက ရေတွေ ထပ်တိုးထပ်လျှံ လာတဲ့ အတွက်ပါချန်မြစ်ရေ ကတော့ နောက်ထပ်  ၄ - ၅ ရက်လောက်နေ မှ  ပြန်ကျသွား နိုင်မယ်လို့ ဒေသခံတွေက ခန့်မှန်းထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013