DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ပြည်သူများကို ၂၄ နာရီ မီးပြန်ပေး
DVB
·
June 5, 2012
ရန်ကုန်ပြည်သူများကို  ၂၄ နာရီ မီးပြန်ပေး
1 / 2
Donate to DVB

ရန်ကုန်တိုင်းအတွင်း  စက်မှုဇုန်တွေကလွဲပြီး အများပြည်သူနေအိမ်တွေကို ၂၄ နာရီ လျှပ်စစ် မီး ပြန်ပေးနေပြီလို့ ရန်ကုန်တိုင်း၊ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင် က ပြောပါတယ်။

[caption id="attachment_26333" align="alignleft" width="293" caption="မေလ ၂၁ ရက်နေ့က ဆူးလေဘုရားမှာ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့စဉ်"][/caption]

“ကျနော်တို့ မပေးနိုင်သေးတာက စက်မှုဇုန်တွေကိုပဲ။ အုပ်စု တခုကို ၅ နာရီပဲ ၂ စုခွဲပြီး ပေးနေတယ်။ ည ၁၁ နာရီကနေ မနက် ၅ နာရီ ကို ပြန်ပေးတယ် စက်မှုဇုန်တွေကိုပါ။ စက်မှုဇုန်တွေအတွက် နေ့ခင်းပိုင်းမှာ ကျတော့ မနက် ၆ နာရီကနေ ၁၁ နာရီကို တအုပ်စု။ ၁၁ နာရီကနေ ညနေ ၄ နာရီကို တအုပ်စု။ ဓာတ်အားတိုးလာတယ်၊ ထုတ်လုပ်အား တိုးလာတာနဲ့ အကုန်ပြန်ပေးမှာပါ။ ရန်ကုန်တိုင်းမှာ ရှိတဲ့ အများပြည်သူတွေ အားလုံး နိုင်ငံ့ ပင်မ လျှပ်စစ်ဓာတ်ပေး စက်ရုံကပေး တဲ့ ပြည်နယ်တိုင်းအားလုံးမှာ အများပြည်သူအားလုံး ၂၄ နာရီ ရသွားပါပြီ။ ”

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအ၀င် နယ်မြို့တွေမှာ လျှပ်စစ်ဓာတ်အားကို အချိန်ပိုင်းနဲ့ ပေးဝေမယ်၊ အကြောင်းက ဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲခံရလို့ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေ ၁၉ ရက်မှာ သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီမတိုင်ခင်ကတည်းက မီးမမှန်တာကြောင့် မေလဒုတိယပတ်အတွင်းမှာ ရန်ကုန်၊ မန္တလေး နဲ့ မြို့ရွာ ဒေသ အတော်များများမှာ ဖယောင်းတိုင်ထွန်းတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ ပါတယ်။

အဲ့ဒီလို ဆန္ဒဖော်ထုတ်ပွဲတွေ ဖြစ်ပေါ်ပြီး ချက်ချင်းဆိုသလို သက်ဆိုင်ရာ လျှပ်စစ်ဌာနက ပြည်သူလူထု ကို မေတ္တာရပ်ခံချက်ထုတ်ပြန်ခဲ့ပြိး မီးစက်တွေနဲ့ မီးအားဖြည့်တင်းမှုတွေလည်း လုပ်ခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်သူတွေကလည်း သက်ဆိုင်ရာက ကတိပေးထားတဲ့အတိုင်း ဇွန်လဆန်းပိုင်းမှာ မီးပြန် ပေး မပေး စောင့်ကြည့်ပြီး ဆန္ဒဖော်ထုတ်တာတွေ ရပ်နားထားခဲ့ပါတယ်။ အခုတော့ စက်မှုဇုန်တွေကလွဲပြီး မီးပြန်ပေးနိုင်တာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာလည်း အခုရက်ပိုင်း ၁ရက် ၁၈ နာရီလောက် လျှပ်စစ်မီးပြန်ရနေပြီလို့ မြို့ခံတွေ က ပြောပါတယ်။ မီးလာချိန် မှန်ပြီး အရင်လို မီးလာချိန် မပြတ်တော့ဘူးလို့ ဆိုပါတယ်။

မြန်မာပြည်မှာ စွမ်းအင်ဆိုင်ရာ မူဝါဒတရပ် လိုနေပြီလို့ ဇွန်လဆန်းပိုင်း က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013