DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးတွင် ကျပ်သိန်း  ၁၄၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
April 8, 2018
ပင်လည်ဘူးတွင် ကျပ်သိန်း  ၁၄၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်မှာ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက စိတ်ကြွမူးယစ်ဆေး ၂၇၈၀၀ ပြား  ဖမ်းဆီးရမိခဲ့တယ်လို့ ပင်လည်ဘူးမြို့မရဲစခန်းမှ သိရပါတယ်။

မူးယစ်ဆေးဝါးသတင်းအရ ပင်လည်ဘူးမြို့မရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ မြို့မရဲစခန်းမှူး တို့ တာဝန်ရှိသူတွေနဲ့ မိုးသောက်ကြယ် မူး/စိတ်တားအဖွဲ့တို့ဟာ ပင်လည်ဘူးမြို့နယ် ကသော အုပ်စု အောင်းကုန်းကျေးရွာနေ အောင်အောင်ရဲ့ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ နေအိမ်မှာ အောင်အောင်နဲ့ ဧည့်သည်တစ်ဦးကို တွေ့ရပြီး နေအိမ်နဲ့ ခြံဝင်းအတွင်းရှာဖွေရာ WY စာတမ်းပါ စိတ်ကြွဆေးပြား ၂၇၈၀၀ ပြား ဖမ်းဆီးရမိခဲ့တာပါ။

ကာလတန်ဖိုးငွေ သိန်း ၁၃၉၀ ကျပ် ရှိ စိတ်ကြွဆေးပြား ၂၇၈၀၀ ပြားကို ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် လွယ်ကန်ရွာနေ အောင်အောင် ဆိုသူမှ သယ်ဆောင်လာပြီး အိမ်ရှင် မောင်နိုင် ရဲ့ နေအိမ်အောက် မြေကြီးအတွင်းမြှုပ်ထားတာကို ရှာဖွေတွေ့ရှိ ဖမ်းမိပါတယ်။

အောင်အောင်နဲ့ မောင်နိုင်တို့ ၂ ဦးကို ပင်လည်ဘူးမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ပင်လယ်ဘူး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013