DVB Logo
Home
မြန်မာသတင်း

ဒလတွင် ရေနစ်မြုပ်ပစ္စည်းများရှာဖွေရာမှာ ရှေးခေတ်အမြောက်ပုံ သံထည်တခု တွေ့ရှိ

DVB
·
April 8, 2018
ဒလတွင် ရေနစ်မြုပ်ပစ္စည်းများရှာဖွေရာမှာ ရှေးခေတ်အမြောက်ပုံ သံထည်တခု တွေ့ရှိ
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်မှာ ဧပြီ ၅ ရက် ညနေ ၄ နာရီက ရေမြုပ်ပစ္စည်းများ ရှာဖွေရာမှ ရှေးခေတ် အမြောက်ဟုယူဆရသော သံထည် ပစ္စည်းတစ်ခုရှာဖွေတွေ့ခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ရာဇသင်္ကြန်လမ်းနေသူ ဦးသန်းမြင့်ထွေး (ရေလုပ်သား) ဟာ ကမာကဆစ် သမ္ဗန်ဆိပ်အနီး ရေကျချိန်မှာ ရေမြုပ်ပစ္စည်းတွေ ရှာဖွေရာ ကမာကဆစ်ဘက်ခြမ်း သဲသောင်ပြင်အနီးမှာ ရှေးခေတ်အမြောက်လို့ ယူဆရတဲ့ သံထည်ပစ္စည်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပစ္စည်းအား ဒလမြို့မရဲတပ်ဖွဲ့စခန်းကို သယ်ယူပြီး တိုင်းတာစစ်ဆေးရာ အချင်းထိပ်ဝအကျယ် လေးလက်မခွဲ၊ အရှည် ခုနစ်ပေ နှစ်လက်မခန့်၊ လုံးပတ် အရင်းလေးပေ လေးလက်မခန့်၊ လုံးပတ်အဖျား နှစ်ပေ လေးလက်မခန့် ရှိတယ်လို့ သိရပါတယ်။

ဧပြီ ၆ ရက်က အမှတ် ၁ ပင်မ လျှပ်/စက် အလုပ်ရုံ(အင်းတိုင်) မှ ဒုတိယ ဗိုလ်မှူးကြီး ဝင်းမြင့်ဦးနဲ့အဖွဲ့ရောက်ရှိလာပြီး အဆိုပါ ပစ္စည်းကို စစ်ဆေးတိုင်းတာရာ အမြောက်အမျိုး အစားမှာ (CastIron Smmoothbore Muzzle-loading Naval Cannon)၊ အင်္ဂလန်နိုင်ငံက  ၁၈ဝ၄ ခုနှစ် ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013