DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရေလုပ်ငန်း ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီ ထူထောင်ရန် စီစဉ်နေ
DVB
·
April 7, 2018
မြန်မာ့ရေလုပ်ငန်း ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီ ထူထောင်ရန် စီစဉ်နေ
Donate to DVB

မြန်မာ့ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ အသင်းအဖွဲ့တွေ ပူးပေါင်းပြီး ရေလုပ်ငန်းဆိုင်ရာ အများပိုင်ကုမ္ပဏီ ထူထောင်ဖို့  စီစဉ်နေတယ်လို့  မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

ရေလုပ်ငန်းကဏ္ဍဟာ အရင်းနှီးများတဲ့အတွက် အများပိုင်ကုမ္ပဏီအနေနဲ့ပဲ ရင်းနှီမြှုပ်နှံနိုင်မယ်လို့  ဆိုပါတယ်။

ကုမ္ပဏီ မှတ်ပုံတင်ဖို့ ဆောင်ရွက်နေပြီး အဖွဲ့ချုပ်ရဲ့ ကုမ္ပဏီအနေနဲ့ လုပ်မှာဖြစ်ကြောင်းနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမယ့်သူတွေနဲ့လည်း မွေးမြူရေး၊ အစာစက်ရုံ၊အအေးခန်းစက်ရုံ စတာတွေမှာ ဖက်စပ်လုပ်ကိုင်သွားမယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကတော့ NGO အနေနဲ့ပဲ ဆက်လက်ရပ်တည်သွားမယ်လို့  ပြောပါတယ်။

*အဖွဲ့ချုပ်က အရင်ကတည်းက အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အဲဒီ့အတိုင်းပဲ ဆက်ရှိမယ်။ တဖက်က ကုမ္ပဏီကတော့ စီးပွားရေး အကျိုးအမြတ်ရှိတာရော၊ ရေလုပ်ငန်းဖွံ့ဖြိုးဖို့ရော လုပ်သွားမယ်။ စတော့ရှယ်ယာ ဈေးကွက်ထိ ဝင်နိုင်ဖို့ ပြင်ဆင်နေတယ်” လို့ ပြောပါတယ်။

ရေလုပ်ငန်းဆိုင်ရာ အများပိုင်ကုမ္ပဏီဟာ အခုမှ ပထမဆုံး တည်ထောင်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013