DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့်ထိုင်း အလုပ်သမားများ အစာအဆိပ်သင့်ခဲ့သည့် အင်းဆက်ပိုးကို ဓာတ်ခွဲစစ်ဆေး
DVB
·
April 7, 2018
မြန်မာနှင့်ထိုင်း အလုပ်သမားများ အစာအဆိပ်သင့်ခဲ့သည့် အင်းဆက်ပိုးကို ဓာတ်ခွဲစစ်ဆေး
Donate to DVB

ထိုင်းမြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့အပတ်က မြန်မာနဲ့ထိုင်း ဆောက်လုပ်ရေး အလုပ်သမား ၉ ဦး  အမည်မသိ အင်းဆက်ပိုးတမျိုးကို အရက်နဲ့ မြည်းစားရာက အဆိပ်သင့်ပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ဆေးရုံကြီးနဲ့ ကူးစက်ရောဂါကာကွယ်ရေးဌာနတို့ ပူးပေါင်းဓာတ်ခွဲစစ်ဆေးရေးတွေ ပြုခဲ့ပါတယ်။

စစ်ဆေးချက်အရ အလုပ်သမားတွေ စားသုံးခဲ့တဲ့ အင်းဆက်ပိုးမှာ ထိုင်းဘာသာဖြင့် မွန့်မ တ်ဖရောက့် သိပ္ပံအမည် Agonoscelis nubilis အနွယ်ဝင် အင်းဆက်ပိုးတမျိုးဖြစ်ကြောင်း၊ အဆိုပါ အင်းဆက်တွေမှာ အမျိုးအစားပေါင်းများစွာရှိပြီး အချို့မှာ စားလို့ရပြီး အချို့မှာ စားသုံးလို့ မရကြောင်း၊ သေဆုံးသူတွေမှာ  အဆိပ်ဓာတ်က နှလုံးထိ ပျံ့နှံ့သွားတာကြောင့် အသက်ရှူရပ်သွား တာလို့ ခရိုင်ကူးစက်ရောဂါကာကွယ်ရေးဌာန ဒေါက်တာ နာ့ သ်ကန် ချင့်ချူမ်းက သတင်းထောက်တွေကို ပြောပါတယ်။

အလုပ်သမားတွေ စားမိခဲ့တဲ့ ပိုးကောင်ရဲ့ သီးသန့်အမည်ကိုတော့ နိုင်ငံခြား သိပ္ပံဌာနမှာလည်း ရှာမတွေ့သေးကြောင်း၊ ဒါပေမယ့် မိဘပြည်သူတွေအနေနဲ့ ကိုယ်သေချာမသိတဲ့ ပိုးကောင်တွေကို စားသုံးခြင်းမှ ရှောင်ကြည်ဖို့၊ အထူးသဖြင့် အရက်ဟာ  အဆိပ်ဓာတ်ကို ပိုပြီးပျံ့နှံ့လွယ်စေတယ်လို့လည်း ဒေါက်တာ နာ့သ်ကန်က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က အဆိပ်သင့်လူနာ ၅ ဦး မဲဆောက်ဆေးရုံကြီးကို ရောက်ရှိလာပြီး ၂ ဦးကတော့ ဆေးရုံလာစဉ် လမ်းမှာသေဆုံးခဲ့ကာ ၃ ဦးပဲ ဆေးကုသမှု ခံယူခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆေးရုံတာဝန်ရှိသူတွေက အလုပ်သမားတန်းလျားကို ကွင်းဆင်းစစ်ဆေးမေးမြန်းရာမှာ ပိုးကောင်အတူ စားသုံးခဲ့သူ မြန်မာအလုပ်သမားတွေ ပြောပြချက်အရ အဲဒီနေ့က သူတို့တန်းလျားနောက်ဘက် ခြံထဲမှာမှာရှိတဲ့ အကောင်တွေကို မြန်မာပြည်မှာ စားဖူးနေကျအကော င်တွေနဲ့တူလို့ ပြည်တောင်းနဲ့အပြည့် ဖမ်းပြီးဆားထည့်ကာ ဆီနဲ့ကြော်ပြီး အရက်မြည်းခဲ့ကြတယ်လို့ သိရပါတယ်။

အရက်ဝိုင်းထဲမှာ ထိုင်းလုပ်သား ၅ ဦး၊ မြန်မာ ၄ ဦး၊ ပေါင်း ၉ ဦး ပါဝင်ပြီး သူတို့စားသုံးစဉ်က ဆိမ့်တဲ့အရသာရှိပေမယ့် ခဏအကြာ မူးဝေပြီး ပျို့အန်လာကြောင်း၊ အဲဒီလို လက္ခဏာရှိတော့ ဆက်မစားရဲတော့ကြောင်း၊ သေဆုံးသွားတဲ့ ထိုင်းအလုပ်သမား ၂ ဦးကတော့ အကောင်တွေ ပိုပြီးစားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ထဲက တချို့ကတော့ အဆိပ်တွေ အန်လိုက်လို့ ဆေးရုံမတက်လိုက်ရဘဲ ဆေးရုံတက်ရသူ ၃ ဦးမှာလည်း ဆရာဝန်ခွင့်ပြုချက်နဲ့ အိမ်ပြန်ပြီး တပတ်တခါ ပြန်လာစစ်ဆေးခံနေရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013