DVB Logo
Home
မြန်မာသတင်း
အားသစ်နှင့် မင်းသမီး ၇ လက် အားပြိုင်ထားသည့် “ယတြာ” ရုပ်ရှင် ဇာတ်ကား (နမူနာ)
DVB
·
April 7, 2018
အားသစ်နှင့် မင်းသမီး ၇ လက် အားပြိုင်ထားသည့် “ယတြာ” ရုပ်ရှင် ဇာတ်ကား (နမူနာ)
Donate to DVB

ကလေးသရုပ်ဆောင်ဘဝကနေ တဆင့်တက်လာခဲ့တဲ့ သရုပ်ဆောင် အားသစ်ကို မင်းသမီး ၇ လက်နဲ့ အားပြိုင်စေပြီး ရိုက်ကူးထားခဲ့တဲ့ “ယတြာ”အမည်ရ ဟာသရုပ်ရှင် ဇာတ်ကားကို ဒီကနေ့ စတင် ပြသနေပါတယ်။

ဒီကားကို စိန်ရတနာ ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဟာသဇာတ်ကားတကားအဖြစ် ပုံဖော်ရိုက်ကူးထားခဲ့တဲ့ ဒီဇာတ်ကားထဲမှာတော့ တွဲဖက်မင်းသမီးတွေအဖြစ် နန်းဆုဦး၊ စုမြတ်နိုးဦး၊ ရွှေသမီး၊ ရတနာဗို၊ ခေးဆက်သွင်၊ ဆောင်းယွန်းစံနဲ့ မြတ်သူသူဇင်တို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ မတ်လ ၃၁ ရက်နေ့က Junction City မှ JCVG ရုပ်ရှင်ရုံမှာ ပြသခဲ့တာ ဖြစ်ပါတယ်။

အားသစ်ဟာ ကလေးသရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေကို စတင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာတော့ ရွှေကြိုအဖြစ် ပါဝင်ခဲ့ပါသေးတယ်။

မင်းသမီး ၇ လက်နဲ့အတူ ဟာသသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားရဲ့ နမူနာကိုတော့ အောက်မှာ ဖော်ပြပေးထားတဲ့ လင့်ခ်ကနေတဆင့် သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013