DVB Logo
Home
မြန်မာသတင်း
တရားမ၀င်ဆေးကုပေးနေသည်ဟု ယူဆရသည့် တရုတ်ပတ်စ်ပို့ကိုင်ထားသူကို အရေးယူမည်
DVB
·
April 7, 2018
တရားမ၀င်ဆေးကုပေးနေသည်ဟု ယူဆရသည့် တရုတ်ပတ်စ်ပို့ကိုင်ထားသူကို အရေးယူမည်
Donate to DVB

ပုဂ္ဂလိက ဆေးခန်းတချို့ကို ရှောင်တခင် စစ်ဆေးပြီး တရားမဝင်ဆေးကုပေးနေတယ်လို့ ယူဆရတဲ့ တရုတ်ပတ်စ်ပို့ ကိုင်ဆောင်ထားသူတယောက်ကို အရေးယူမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။
ဧပြီ ၆ ရက်၊ မနေ့က ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ကြည့်မြင်တိုင်မြို့နယ်က စင်ကာပူဆေးခန်း၊ လမ်းမတော်မြို့နယ်က Sun Clinic နေဝန်းဆေးခန်း၊ ဗိုလ်တတောင်မြို့နယ်က တိုကျိုဆေးခန်းနဲ့ လသာမြို့နယ်က Thailand ဆေးခန်းတို့ကို ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။
လမ်းမတော်မြို့နယ် Sun Clinic နေဝန်းဆေးခန်းမှာ တရားမဝင် ဆေးကုပေးနေတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ တယောက်နဲ့ FDA ထောက်ခံချက် ရမထားဘူးလို့ ယူဆရတဲ့ ဆေးဝါးနဲ့ ပစ္စည်းတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အမျိုးသားဆေးဝါးဥပဒေ၊ ပုဂ္ဂလိကဆေးခန်း ဥပဒေအပြင် မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေတွေနဲ့ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဝန်ကြီး ဦးဆောင်ပြီးတော့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ရှောင်တခင် စစ်ဆေးခဲ့တာ ဖြစ်ပြီး တရားမဝင်နိုင်ငံခြားသားဆေးကုသသူတွေ ကုသနေတာ ရှိ မရှိ၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း လိုင်စင် ရှိ မရှိ၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနဲ့ ညီ မညီ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာတာ ရှိ မရှိတို့ကို စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
အခု စစ်ဆေးခဲ့တဲ့ ဆေးခန်းတွေဟာ ကျား၊ မ ရောဂါနဲ့ အလှအပ ပြုပြင်တာနဲ့ ပတ်သက်ပြီး ကြော်ငြာတွေကို လူစည်ကားရာနေရာတွေမှာ လိုက်လံဝေငှလေ့ရှိတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013