DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ကကတစ်ငါး စီးပွားဖြစ်မွေးမြူတင်ပို့နိုင်ရေးအလားအလာကောင်း
DVB
·
April 7, 2018
ရေးမြို့နယ်တွင် ကကတစ်ငါး စီးပွားဖြစ်မွေးမြူတင်ပို့နိုင်ရေးအလားအလာကောင်း
Donate to DVB

ရေငန်ငါးတမျိုးဖြစ်တဲ့ ကကတစ်ငါးကို စီးပွားဖြစ် ထုတ်လုပ်မွေးမြူနိုင်ရေးအတွက် ရေးမြို့နယ်အတွင်းမှာ အလားအလာကောင်းတွေရှိနေပါတယ်။

ရေခံမြေခံကောင်းမွန်ခြင်းနဲ့ သဘာဝအရင်းအမြစ်များကရတဲ့ ငါးစာတွေကြောင့် ကြီးထွားနှုန်းနဲ့ အထွက်နှုန်းပိုမိုမြန်ဆန်ကာ မကြာခင် ပြည်တွင်းပြည်ပကို တင်ပို့နိုင်တော့မယ်လို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ထိုင်းကနည်းပညာ၊ ပညာရှင်တွေနဲ့ အကောင်ပေါက်တွေဝယ်ပြီး ခုလကစလို့ စမွေးနေပြီ၊ ကန်ပေါင်း ၁၀၀ ကျော်အထိ လုပ်မယ်၊ ခု လာရောက်ပြသပေးနေတဲ့ ထိုင်းပညာရှင်တွေရဲ့အဆိုအရ ငါးစာတွေ၊ ငါးတွေအတွက် ရေခံမြေခံတွေက သူတို့နိုင်ငံထက် အများကြီးကောင်းနေတယ်။ သူတို့မှာ ၃ လနဲ့ စီးပွားဖြစ်ထုတ်တဲ့အနေအထားမှာ ဒီမှာဆိုရင် ၂ လဆိုရင် စီးပွားဖြစ်ထုတ်လို့ရပြီ၊ ၅ လအထိ ထားမယ်ဆိုရင် ပိုပြီးတော့ ဈေးကောင်းရမှာပေါ့။ ဒေသတွင်းနဲ့ ပြည်ပဈေးကွက်မှာ ရောင်းတန်းဝင်တဲ့ ငါးတမျိုးပါ'' လို့ အံဒင်ကျေးရွာနေ ရေငန် ကကတစ်ငါးမွေးမြူရေးလုပ်ငန်း စတင်လုပ်ကိုင်သူ ဦးမင်းဇော်က ဒီဗွီဘီကို ပြောပါတယ်။

ဒေသပေါက်ဈေးအနေနဲ့ ကကတစ်ငါးတစ်ပိဿာလျှင် အကောင်အရွယ်အစားအပေါ် မူတည်ကာ ငွေကျပ် ၈၀၀၀ မှ ၂၃၀၀၀ အထိပေါက်ဈေးရှိနေပြီး ရေးမြို့နယ် ကဗျာဝကျေးရွာမှာလည်း စမ်းသပ်မွေးမြူအောင်မြင်နေပါတယ်။

ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းဦးက ''ဒီလိုမွေးမြူရေးလုပ်တာကို ကြိုဆိုပါတယ်၊ မြိတ်ဘက်မှာလည်း လုပ်နေတာ အောင်မြင်နေကြပြီ၊ နိုင်ငံခြားကိုလည်း တင်ပို့နိုင်ဖို့ အလားအလာကောင်းတယ်။ ရေမြေသဘာဝကပေးပြီးသားကို ဒေသကလူတွေက ဖမ်းဆီးမှုကောင်းနေသေးတော့ စိတ်မ၀င်စားကြဘူး၊ ခုလိုမွေးမြူရေးအနေနဲ့လုပ်ကိုင်လာတာဟာ ငါးပြုန်းတီးမှုထိန်းသိမ်းရာလည်း ရောက်တယ်၊ အားပေးပါတယ်''လို့ ဒီဗွီဘီကို မှတ်ချက်ပြုပါတယ်။

အခုလကစလို့ အံဒင်ကျေးရွာအုပ်စုမှ ရေမိုင် ၅ မိုင်အကွာမှာရှိတဲ့ သုံးစွဲကျွန်းအနီးမှာ အံဒင်ဒေသခံလုပ်ငန်းရှင်နှစ်ဦးက စီးပွားဖြစ် စတင်မွေးမြူနေတာလည်း ဖြစ်ပါတယ်။

သတင်း - ၀င်းနိုင်သက်

ဓါတ်ပုံ - AD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013