DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပ
DVB
·
April 7, 2018
နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပ
1 / 9
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရာထူးတာဝန် စတင်ထမ်းဆောင်တဲ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ဧပြီ ၆ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။

ညစာစားပွဲ အခမ်းအနား တက်ရောက်လာကြတဲ့ ဧည့်သည်တော်တွေကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှ ဇနီး ဒေါ်ချိုချိုတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ဇနီး ဒေါက်တာရွှေလွှမ်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနဲ့ဇနီး နန့်ကြင်ကြည်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ၊ လွှတ်တော်အကြီးအကဲတွေ၊ တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေ  တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးတွေ၊ သံတမန်တွေ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ညစာစားပွဲအပြီးမှာ မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့နဲ့ တွဲဖက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်တွေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးတို့မှ အနုပညာရှင်တွေနဲ့ တေးသံရှင်တွေက ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013