DVB Logo
Home
မြန်မာသတင်း
အန်အယ်ဒီအယ်ဒီစိုးရလက်ထက် ငွေဖောင်းပွမှုနှုန်း ကျဆင်း၊ ငွေကြေးတည်ငြိမ်အောင် ထိန်းထားနိုင်
DVB
·
April 6, 2018
အန်အယ်ဒီအယ်ဒီစိုးရလက်ထက် ငွေဖောင်းပွမှုနှုန်း ကျဆင်း၊ ငွေကြေးတည်ငြိမ်အောင် ထိန်းထားနိုင်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရလက်ထက်မှာ ငွေကြေး တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပြီး ငွေဖောင်းပွမှုနှုန်းလည်း ကျဆင်းသွားတယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောပါတယ်။

နိုင်ငံတော်အစိုးရသစ်ရဲ့ ပြီးခဲ့တဲ့ နှစ်နှစ်တာ သက်တမ်းကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနဲ့ အစိုးရပိုင်မီဒီယာတွေ တွေ့ဆုံမေးမြန်းရာမှာ ပြောသွားတာပါ။

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ ငွေကြေး တည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီတဲ့ ဒေသတွေက ပြည်သူတွေအတွက် ငွေရေးကြေးရေး ဝန်ဆောင်မှုတွေကို တိုးမြှင့်ရရှိစေဖို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့  ဗဟိုဘဏ်အကြီးအကဲက ပြောပါတယ်။

ငွေဖောင်းပွမှုနှုန်းဟာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ၉ ဒသမ ၉၉ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၈၁ ရာခိုင်နှုန်းနဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၄ ဒသမ ၆၁ ရာခိုင်နှုန်းသို့ အသီးသီးကျဆင်းခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ငွေဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်တဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်လိုငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖြည့်ဆည်းပေးရတာကို လျှော့ချနိုင်ဖို့အတွက် ဗဟိုဘဏ်ဟာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဘဏ်တွေ အပါအဝင် ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို အစိုးရငွေတိုက်စာချုပ်တွေကို ဈေးပြိုင်စနစ်နဲ့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းသုံးကျပ်ငွေရဲ့ အခန်းကဏ္ဍ တိုးတက်ရေး၊ ပြည်တွင်းမှာ ဒေါ်လာ ကျယ်ပြန့်စွာ အသုံးပြုမှု မဖြစ်ပေါ်စေရေးနဲ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း  တည်ငြိမ်စေရေးတို့အတွက် ငွေပေးချေမှုတွေကို နိုင်ငံခြားသုံးငွေနဲ့ ဈေးနှုန်းသတ်မှတ် သုံးစွဲခြင်းကို မပြုလုပ်ဘဲ ပြည်တွင်းသုံးကျပ်ငွေနဲ့သာ ပြုလုပ်ရန် ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို Money Changer License ၉၅ ခု ခွင့်ပြုခဲ့ပြီး ကောင်တာ ၁၃၁ ခု တိုးချဲ့ ဖွင့်လှစ်ခွင့်ပြုခဲ့သလို ပုဂ္ဂလိက ဘဏ် ၂၄ ဘဏ်မှ နိုင်ငံတဝန်း ဘဏ်ခွဲပေါင်း ၃၀၆ ခုကို ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-CBM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013