DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ဧရာဝတီဘဏ်ခွဲများတွင်လက်မှတ်အတုဖြင့် ငွေလိမ်ထုတ်မှု ဖြစ်ပွား
DVB
·
April 6, 2018
နေပြည်တော် ဧရာဝတီဘဏ်ခွဲများတွင်လက်မှတ်အတုဖြင့် ငွေလိမ်ထုတ်မှု ဖြစ်ပွား
Donate to DVB

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်နဲ့ ပုဗ္ဗသီရိမြို့နယ်တို့ရှိ ဧရာဝတီဘဏ်ခွဲတွေကနေ ငွေကျပ် သိန်း ၁၂၀ လိမ်လည်ထုတ်ယူမှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဘဏ်ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကျော်စိုးဝင်း ဆိုသူက ဘဏ်မှာ ငွေစုထားတဲ့ ဒေါ်ကြွယ်ကြွယ်ဝင်းရဲ့ လက်မှတ်အတုတွေထိုးပြီး လိမ်လည်ထုတ်ယူခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ ၃ ရက်မှာ  ဒေါ်ကြွယ်ကြွယ်ဝင်းဟာ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်(ဧရာဝတီ) Capital Mini ဘဏ်ခွဲကိုသွားပြီး  ငွေသွင်းခဲ့ရာမှာ သူ့နာမည်နဲ့ ပျဉ်းမနားမြို့ ဧရာဝတီဘဏ်ခွဲမှာ ဖွင့်လှစ်စုထားတဲ့ ငွေ ၁၂,၀၀၀,၀၀၀ ကျပ်ကို  ၆ ကြိမ်ခွဲပြီး ထုတ်ယူသွားတာကို သိရှိခဲ့ရတာပါ။

ဘဏ်တာဝန်ရှိသူတွေက ဒေါ်ကြွယ်ကြွယ်ဝင်းရဲ့ ငွေထုတ် ပုံစံတွေကို စစ်ဆေးခဲ့ရာမှာ ဘဏ်ကြီးကြပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ကျော်စိုးဝင်းဆိုသူက ဒေါ်ကြွယ်ကြွယ်ဝင်းရဲ့  လက်မှတ်အတုတွေ ရေးထိုးပြီး ၂၀၁၇ အောက်တိုဘာ ၂၃ ရက်မှာ ငွေကျပ် ၁၀ သိန်း၊ အောက်တိုဘာ ၃၀ ရက်မှာ ငွေကျပ် ၁၀ သိန်း၊ နိုဝင်ဘာ ၁ ရက်မှာ ငွေကျပ် သိန်း ၂၀စုစုပေါင်း ငွေကျပ် သိန်း ၄၀ လိမ်လည်ထုတ်ယူသွားကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်။

အလားတူ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်(ဧရာဝတီ)ဘဏ်ခွဲ (၃)မှာလည်း ဒေါ်ကြွယ်ကြွယ်ဝင်းရဲ့ လက်မှတ်အတုတွေရေးထိုးပြီး ၂၀၁၇ သြဂုတ် ၁၄ ရက်မှာ ငွေကျပ် သိန်း ၂၀ ၊ အောက်တိုဘာ ၂ ရက်မှာ ငွေကျပ် ၅၀ သိန်း၊ နိုဝင်ဘာ ၁၅ ရက်မှာ ငွေကျပ် ၁၀ သိန်း၊ စုစုပေါင်း ငွေကျပ် ၈၀ သိန်းကို ကျော်စိုးဝင်းက လိမ်လည်ထုတ်ယူသွားကြောင်း ထပ်မံ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ငွေလိမ်ထုတ်တာနဲ့ပတ်သက်လို့ ဧရာဝတီဘဏ်လီမိတက်၊ ဘဏ်မန်နေဂျာ ဦးအေးမင်းအောင်က ထုံးဖိုမြို့မရဲစခန်းမှာ ဧပြီ ၅ ရက်က တိုင်တန်းထားပြီး ကျော်စိုးဝင်း(ဖမ်းမမိ)ကို  ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈(လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှု)တို့နဲ့ အမှုဖွင့် စုံစမ်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013