
အာဖဂန်နစ္စတန်က နန်ဂါဟာပြည်နယ်မှာ ဟိန္ဒူနဲ့ ဆစ်ခ် ကလေးတွေအတွက် ပြီးခဲ့တဲ့လက မူလတန်းကျောင်းလေး တကျောင်း ဖွင့်ပေးခဲ့ပါတယ်။ ဟိန္ဒူနဲ့ ဆစ်ခ်လူမျိုးတွေဟာ အာဖဂန်နစ္စတန်မှာ လူနည်းစုတွေဖြစ်ပြီး၊ သူတို့ကလေးတွေဟာ လူများစုဖြစ်တဲ့ မွတ်စလင် ကျောင်းသားတွေရဲ့ အနိုင်ကျင့်မှုမျိုးစုံ ခံရပါတယ်။ အခုဖွင့်လိုက်တဲ့ကျောင်းလေးဟာ ဟိန္ဒူနဲ့ ဆစ်ခ်တွေအတွက် တတိယမြောက်ကျောင်းပါ။ အာဖဂန်နစ္စတန်မှာ အသစ်ဖွင့်တဲ့ ကျောင်းတွေအားလုံးက မူလတန်းအဆင့်မို့၊ ကျောင်းသားတွေနဲ့ မိဘတွေက အထက်တန်းဆင့်ကို တောင်းဆိုနေကြပါတယ်။
နန်ဂါဟာ ပြည်နယ် မူလတန်းကျောင်းလေးကို သွားခဲ့တဲ့ သတင်းထောက် ‘ဂါယာ ၀ါဇီရီ’( Ghayor Waziri) က သတင်းပေးပို့ထားတာပါ။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။











