DVB Logo
Home
မြန်မာသတင်း
ချမ်းမြသာစည်မြို့နယ်တွင် အချုပ်​သား ၃​ ဦး အချုပ်​ကား​ပေါ်မှ ထွက်​​ပြေး
DVB
·
April 6, 2018
ချမ်းမြသာစည်မြို့နယ်တွင် အချုပ်​သား ၃​ ဦး အချုပ်​ကား​ပေါ်မှ ထွက်​​ပြေး
Donate to DVB

 

မန္တလေးမြို့ ချမ်းမြသာစည်​မြို့နယ်​ မြို့နယ်​တရားရုံးမှာ ဒီနေ့မနက်ပိုင်းက လုယက်​မှုနဲ့အချုပ်​ခံထားရတဲ့ အချုပ်​သားသုံး​ယောက်​ ထွက်​​ပြေးခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

လုယက်​မူနဲ့အမှုရင်​ဆိုင်​​နေရတဲ့ အချုပ်​သားသုံး​ယောက်ကို မန္တ​လေးဗဟိုအကျဉ်း​ထောင်​ (အိုးဘို) ကနေ မန္တ​လေးတိုင်း​ဒေသကြီး၊ ချမ်းမြသာစည်​မြို့နယ်​ တရားရုံးမှာ အမှုရင်​ဆိုင်​ရဖို့ ဒီနေ့မနက်​ ၁၀ နာရီ​ကျော်ရုံးထုတ်​လာစဉ်​ မြို့နယ်​တရားရုံးအ​ရောက် ​အချုပ်​ကား​ပေါ်မှအဆင်း ​ ထွက်​​ပြေးသွားခဲ့ကြတာပါ။

တာဝန်​ကျရဲတွေ လိုက်​လံဖမ်းဆီးရာ တရားရုံးအနီး ဘုံ​ကျော်​ဘုန်းကြီး​ကျောင်းဝင်းအတွင်း ၂ ​​ယောက်​နဲ့ ချမ်းမြသာစည်​မြို့နယ်​ လူဝင်​မှုကြီးကြပ်ရေးရုံး​ရှေ့ ၁ ​​ယောက်​ ပြန်​လည်​မိခဲ့ပါတယ်​။

ချမ်းမြသာစည်​မြို​နယ်​အမှတ်​ ၁၁ နယ်​​မြေရဲစခန်း တာဝန်​ရှိသူတွေက ပြန်လည်ဖမ်းဆီးမိခဲ့တဲ့ အချုပ်သား ၃ ဦးကို စစ်​​ဆေးမေးမြန်းနေကြတယ်လို့ အခင်းဖြစ်နေရာမှာ ရှိနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

အချုပ်သားတွေ ထွက်ပြေးခဲ့မှုနဲ့ ပတ်သက်ပြီး ရဲအုပ်​​ဇော်​မင်းထိုက်​ကို ဒီဗွီဘီက ​မေးမြန်းခဲ့ပေမယ့် ​ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်​။

ထွက်​​ပြေးခဲ့တဲ့ အချုပ်​သားသုံး​ယောက်​ကို ဥပ​ဒေအရ အ​ရေးယူ​ဆောင်​ရွက်​သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013