DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် ပြည်တွင်း ပြည်ပအလုပ်အကိုင် ၇ သိန်းကျော် ဖန်တီးပေးနိုင်
DVB
·
April 6, 2018
အစိုးရသစ်လက်ထက် ပြည်တွင်း ပြည်ပအလုပ်အကိုင် ၇ သိန်းကျော် ဖန်တီးပေးနိုင်
Donate to DVB

အန်အယ်လ်ဒီ အစိုးရသစ်သက်တမ်း ၂ နှစ်အတွင်း အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့မှု ပြည်တွင်းမှာ လူ ၄ သိန်းလောက်နဲ့ ပြည်ပထွက်ခွာတဲ့ အလုပ်သမား ၃၀၇၇၆၇ ဦးရှိခဲ့တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

အစိုးရသက်တမ်း ၂ နှစ်ပြည့် နိုင်ငံပိုင်မီဒီယာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ၀န်ကြီးက ပြောခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံကို ရောက်နေကြတဲ့ မြန်မာအလုပ်သမား ၁ သန်းကျော်ကို  မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံကို ရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) ကို စခန်းကိုးခုနဲ့ ရွေ့လျားအစီအစဉ်တွေနဲ့ လုပ်ဆောင်ပေးခဲ့တယ်၊ ၂၀၁၇ မတ်လကနေ ၂၀၁၈ ဖေဖော်ဝါရီလကုန် အထိ တနှစ်တာအတွင်းမှာ လူဦးရေ ၁၀၃၃၁၇၄ ဦးအထိ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်လို့ မြန်မာနိုင်ငံသားတွေအတွက် တရားမဝင် နေထိုင်မှုနဲ့ ပြဿနာကြုံရမယ့်ဘေးကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကနေ အနည်းဆုံး အခကြေးငွေအဖြစ် အလုပ်သမား ၁၀ ဦးနဲ့အထက် လုပ်ငန်းတွေအတွက် ၁ နာရီ ငွေကျပ် ၆၀၀ နှုန်းသတ်မှတ်ပြီး အလုပ်ချိန် ၁ ရက် ၈ နာရီအတွက် ငွေကျပ် ၄၈၀၀ နှုန်း သတ်မှတ်ပေးခဲ့နိုင်ခဲ့တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ကနေ ပြည်တွင်းအလုပ်အကိုင် ၁၈ မျိုးအတွက် ကျွမ်းကျင်မှုလက်မှတ်တွေကို စစ်ဆေးကာ ပေးအပ်နိုင်ခဲ့တာ ၂ နှစ်တာအတွင်း လူဦးရေ ၃၀၂၂ ဦးလောက် ရှိလာပြီ ဖြစ်သလို ရွှေ့ပြောင်းလုပ်သားတွေ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်စေရေးအတွက် ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ရေးဗဟို ဌာနတွေကို ဖွင့်လှစ်ခဲ့ရာ ရုံးပေါင်း ၁၃ ရုံးခန်းကို တနိုင်ငံလုံးမှာ ဖွင့်လှစ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ခုံသမာဓိကောင်စီက အလုပ်သမားရေးရာ အငြင်းပွားမှု ၁၇၅ မှုကို ဖြေရှင်းနိုင်ခဲ့ပြီး အလုပ်သမား ၂၇၇၇ ဦးအတွက် အကျိုးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၇၆၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၅ သောင်းကျော် ပေးအပ်နိုင်ခဲ့သလို  ခုံသမာဓိအဖွဲ့ကလည်း အလုပ်သမားအငြင်းပွားမှု ၃၀၅ မှုကို ဖြေရှင်း ပေးခဲ့ပြီး အလုပ်သမား ၅၅၂ ဦးအတွက် ငွေကျပ်သိန်း ၉၀၀ ကျော် ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အလုပ်ရှင်နဲ့အလုပ်သမား အငြင်းပွားမှုတွေကို ညှိနှိုင်းဖျန်ဖြေပေးဖို့ မြို့နယ်အဖွဲ့တွေက အငြင်းပွားမှု ၁၆၈၉ မှုမှာ အမှုပေါင်း ၁၄၃၄ မှုကို ကျေအေးအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်နယ်၊ တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့က အလုပ်သမား ၁၄၅၇၂ ဦးအတွက် ငွေကျပ် သိန်း ၃၆၀၀၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၆၀၀၀၀ ကျော်ကို ခံစားစေခဲ့ပါတယ်လို့ ၀န်ကြီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013