DVB Logo
Home
မြန်မာသတင်း
အနုပညာနှင့်ငြိမ်းချမ်းရေး အပြန်အလှန် အထောက်အပံ့ဖြစ်စေမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
April 6, 2018
အနုပညာနှင့်ငြိမ်းချမ်းရေး အပြန်အလှန် အထောက်အပံ့ဖြစ်စေမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
Donate to DVB

အနုပညာဟာ တိုင်းပြည်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို ကူညီထောက်ပံ့သလို ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်ကလည်း အနုပညာသည်တွေရဲ့ ပညာအတွက် အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောပါတယ်။

ဧပြီ ၅ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းက လှူဒါန်းတဲ့  အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ ပြောသွားတာပါ။

“နှင်းဆီရင်ခွင်ကနေပြီးတော့ ရခိုင်ပြည်နယ်မှာ ကြိုးပမ်းမှုတွေ အောင်မြင်ရေးအတွက် လက်တွေ့ကျကျ ထောက်ခံတယ်၊ ထောက်ပံ့တယ်၊ အားပေးတယ်ဆိုတာ ပြည်သူတွေသိသွားရင် ဒီလို အနုပညာရှင်တွေများတဲ့ နိုင်ငံအတွင်းမှာ အမျိုးသားရင်ကြားစေ့ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်လို့ ပြောတာဆိုတာ သရုပ်ဆောင်တာတွေကို ပိုပြီး လေးလေးနက်နက် ထားမယ်။ တနည်းအားဖြင့် အနုပညာဟာ ကျမတို့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို ကူညီထောက်ပံ့သလို ကျမတို့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်ကလည်း အနုပညာသည်များအတွက် ပညာကို ထောက်ပံ့လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အပြန်အလှန်ပေါ့။”

ခုလိုလှူဒါန်းတာဟာ ပြည်သူပြည်သားတွေရဲ့ စုပေါင်းအင်အားနဲ့ နိုင်ငံတိုးတက်၊ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်နေတယ်ဆိုတာကို သက်သေထူတာ ဖြစ်တယ်၊ ဒီလို အနုပညာရှင်တွေကနေ ဦးဆောင်ပြီးတော့ နိုင်ငံ့အတွက် ၀ိုင်းပြီးလုပ်တယ်ဆိုရင် ပြည်သူတွေကလည်း ပါဝင်ကူညီချင်တဲ့စိတ်လည်း ဖြစ်စေတယ်၊ အခု အလှူငွေတွေဟာ ရခိုင်ပြည်နယ်အတွက်တင် လက်ခံတာမဟုတ်ဘဲ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လက်ခံတယ်လို့ မှတ်ယူပါတယ်လို့လည်း ပြောသွားပါတယ်။

ဒါရိုက်တာမောင်မျိုးမင်းက နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းကိုယ်စား အလှူငွေ ကျပ်သိန်း ၆၅၀ ကို ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းအဖွဲ့ဝင်တွေက ပုံတူပန်းချီကားတချပ်ကိုလည်း လက်ဆောင် ပေးအပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာဝင်းမြတ်အေးနဲ့ ဒုဝန်ကြီး ဦးမင်းသူ၊ နှင်းဆီရင်ခွင်အဖွဲ့သားတွေ ဖြစ်ကြတဲ့  ဒါရိုက်တာ မောင်မျိုးမင်း၊ မင်းသားနေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ မင်းသမီး မေကဗျာ၊ မိုးယုစံနဲ့ ဖူးစုံ စသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013