DVB Logo
Home
လူမှုရေး
ပြည်မြို့က ကာလီမန်မယ်တော်ဘုရားပွဲနှင့် ပဲပင်ပေါက်မျှောပွဲ (သတင်းဓာတ်ပုံ)
DVB
·
April 6, 2018
ပြည်မြို့က ကာလီမန်မယ်တော်ဘုရားပွဲနှင့် ပဲပင်ပေါက်မျှောပွဲ (သတင်းဓာတ်ပုံ)
1 / 7
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ကာလီမန်မယ်တော်ဘုရားပွဲနဲ့ ပဲပင်ပေါက်မျှောပွဲကို ၁၀ ရက်ကြာ ကျင်းပပါတယ်။

ပွဲတော်ကို နှစ်စဉ် တပေါင်းလမှာ ကျင်းပလေ့ရှိပြီး ပွဲတော်မတိုင်ခင် ၁၀ ရက်လောက်က တည်းက ပဲတီအပါအဝင်ပဲ ၉ မျိုးကို အဓိဌာန် ပြုလုပ်ကာ ဘုရားကျောင်းမှာ အိုးလေးတွေထဲကို ထည့်လို့ အပင်ဖောက်ထားရပါတယ်။

ပွဲတော်နောက်ဆုံးရက်မတိုင်ခင် တရက်ကျမှ အိုးတွေကိုဖော်ပြီး ပွဲတော်ရက်မှာ ကာလီမန်မယ်တော်ပွဲနဲ့အတူ မြို့တွင်းကို လှည့်လည်ပြီး ဧရာဝတီမြစ်ထဲမှာ ရေမျှော အခမ်းအနား ပြုလုပ်ရတာလို့ ဘုန်းကြီး ပူဂျာရီ အက်စ်မန်းနီးက ရှင်းပြပါတယ်။

ဒီပွဲတော်မှာ လုပ်ငန်းလုပ်မယ့်သူတွေ၊ စီးပွားရေးသမားတွေ၊ ကျန်းမာရေး၊ ပညာရေး၊ သားရေး သမီးရေးအတွက် အမျိုးမျိုး ရည်စူးအဓိဋ္ဌာန်ပြီး ပဲတီနဲ့အတူ ပဲ ၉ မျိုးကို အပင်ဖောက် ရည်စူးကြသလို ဆန်ရေစပါး တိုးပွားဖို့လည်း အတိတ်နိမိတ်ကောက်လေ့ ရှိကြတာပါ။

ပွဲတော်မှာ ပါဝင်ဆင်နွှဲနေတဲ့ ဒေါ်သန်းသန်းဝင်းက “အခုနှစ်က အရမ်းထူးခြားတယ်၊ အပင်တွေက အရမ်းဖြစ်ထွန်းတာကို တွေ့ရတယ်။ ဒါက အခုနှစ် ဆန်ရေစပါး ပေါများပြီး ခုနစ်ရက်သားသမီး စိတ်ချမ်းသာ ပျော်ရွှင်မယ်ဆိုတဲ့ အတိတ်နိမိတ်ပါပဲ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013