DVB Logo
Home
မြန်မာသတင်း
တာချီလိတ်ခရိုင်တွင် လေဘေး အရေးပေါ်ပစ္စည်းနှင့် ငွေကြေးထောက်ပံ့
DVB
·
April 6, 2018
တာချီလိတ်ခရိုင်တွင် လေဘေး အရေးပေါ်ပစ္စည်းနှင့် ငွေကြေးထောက်ပံ့
Donate to DVB

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ဆီးကျေးရွာမှာ လေကြီးမိုးကြီး ကျရောက်ပြီး အိမ်အမိုးသွပ်လန်သွားတဲ့ နေအိမ်တွေကို ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက အရေးပေါ် ထောက်ပံ့မှုပစ္စည်းနဲ့ ငွေကြေးထောက်ပံ့ခဲ့ပါတယ်။

ဧပြီ ၂ ရက်ညပိုင်းက မိုးသက်လေပြင်းတွေကြောင့် နမ့်ဆီးကျေးရွာမှာ နေအိမ် ၃ လုံး အမိုးလန်ခဲ့တာကြောင့် ဒေသအာဏာပိုင်တွေက ကျပ် ၁ သိန်း ထောက်ပံ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက အရေးပေါ် အသုံးပြုနိုင်မယ့် ရေပုံး၊ ထမင်းပန်ကန်၊ ဒန်အိုးတွေနဲ့ အရေးပေါ် အသုံးပြုနိုင်မယ့် ပစ္စည်းတွေကို ဧပြီ ၅ ရက်နေ့မှာ ထောက်ပံ့ခဲ့တာပါ။

နေအိမ်တွေ ပျက်စီးသွားတဲ့ အိမ်ပိုင်ရှင် နမ့်ဆီးကျေးရွာနေ ဦးကျာအူက “ထောက်ပံ့ကြေးတွေ ရပေမယ့် ကျနော်တို့ လောလောဆယ် စားဖို့သောက်ဖို့ အခက်အခဲဖြစ်နေပါတယ်။ နောက်ထပ် အမိုးတွေ ပြန်တပ်ဖို့ ပိုက်ဆံလည်း မလောက်ဘူး” လို့ ပြောပါတယ်။

တာချီလိတ်မြို့နယ်အတွင်း လေပြင်းတွေတိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်တချို့ အမိုးလန်သွားပြီး သစ်ကိုင်းကျိုးကျမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လူတွေထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိခဲ့ပါဘူး။

သတင်း - ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013