
ရန်ကုန်လှိုင်မြစ်အတွင်းမှာ ဒီကနေ့ မနက်က ရေယာဉ် ၂စီးမျက်နှာချင်းဆိုင် တိုက်မိတဲ့အတွက် ကျောက်စရစ်တွဲ ၁ တွဲ နစ်မြုပ်သွားတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မနက် ၁၀ နာရီ ၅၀ မိနစ်လောက်က အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဘက်မှ ရေယာဉ်မှူး ဦးကျော်တင့် မောင်းနှင်လာတဲ့ ၀င်းပိုင်(၅) ဆီတင်တွဲရေယာဉ်နဲ့ ဘုရင့်နောင် အောင်ဇေယျ တံတားဘက်မှ ရေယာဉ်မှူး ဦးအောင်ဌေးလင်း မောင်းနှင်လာတဲ့ ကျောက်စရစ်တွဲ(၂)တွဲဆွဲ လာတဲ့ ဓနလှိုင်(၃)၊ တွန်း ရေယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။
ရေယာဉ်မှုကြောင့် ဓနလှိုင်(၃)၊ တွန်းရေယာဉ်မှတွဲလာတဲ့ အလျား ၁၁၅ ပေ၊ အနံ ၃၈ ပေရှိ CB 395 ကျောက်စရစ်တွဲမှာ နစ်မြုပ်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သတင်းမှာဖော်ပြပါတယ်။











