DVB Logo
Home
မြန်မာသတင်း
စူပါဟီးရိုးကြိုက် ပရိသတ်များအတွက် Avengers : Infinity War ဟောလိဝုဒ်ရုပ်ရှင်
DVB
·
April 5, 2018
စူပါဟီးရိုးကြိုက် ပရိသတ်များအတွက် Avengers : Infinity War ဟောလိဝုဒ်ရုပ်ရှင်
Donate to DVB

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဟောလိဝုဒ် ဇာတ်ကားကောင်းတကားဖြစ်တဲ့ Avengers : Infinity War ဆိုရင်တော့ Marvel Comic တွေကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတဲ့ ရုပ်ရှင် Series တွေမှန်း အားလုံးသိကြပြီးဖြစ်မှာပါ။

American Super Hero ရုပ်ရှင်ပရိသတ်တွေအကြိုက် ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားကို အစပိုင်းတုန်းကတော့ အပိုင်း ၂ ပိုင်းခွဲပြီး ထွက်လာမယ်လို့ ထုတ်ပြန်ထားခဲ့ပေမယ့် လက်ရှိမှာတော့ တပေါင်းတည်း ထွက်လာခဲ့တာပါ။

ဒီဇာတ်ကားကိုတော့ Russo ညီနောင်လို့ လူသိများတဲ့ ဒါရိုက်တာညီအစ်ကို ၂ ဦးဖြစ်တဲ့ Anthony Russo နဲ့ Joe Russo တို့က ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

ဇာတ်ကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြပြီး Hero ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ထားခဲ့ကြတာပါ။

Iron Man ဇာတ်ကောင်နေရာမှာတော့ မင်းသားကြီး Robert Downey Jr. က သရုပ်ဆောင်ထားပြီး မင်းသား Chris Hemsworth ကတော့ လူစွမ်းကောင်း Thor အဖြစ် ပါဝင်ထားပါတယ်။

မင်းသမီးချော Scarlett Johansson ကတော့ Black Widow ဇာတ်ကောင်နေရာကနေ ပါဝင်ထားခဲ့တာဖြစ်ပြီး Captain America အဖြစ် Chris Evans က ပါဝင် သရုပ်ဆောင်ထားခဲ့ကြပါတယ်။

လူစွမ်းကောင်းတွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ ကမ္ဘာကြီးကို ဘယ်လိုပူးပေါင်း ကာကွယ်ကြမလဲ ဆိုတာကတော့ မကြာခင်မှာ ကြည့်ရှုခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။

မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားကို လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013