DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 5, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆၀ တအိတ်ကို ငွေကျပ် ၄၃,၄၀၀ ပေါက်ဈေးရှိပြီး မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၃,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်ရော မန္တလေးပါ မနေ့ကအတိုင်း ဈေးပြောင်းလဲမှု မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၈,၂၀၀ ပေါက်ဈေးရှိပြီး ဈေးပြောင်းလဲမှုမရှိပါဘူး။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၂၅,၀၀၀ ကျပ်ကနေ ၃၂,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၆,၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၀၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၀၅,၇၅၀ ကျပ် ရှိပြီး ဈေးပြောင်းလဲမှု မရှိပါဘူး။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၆,၂၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၆၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၄,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၃၀၀ ကျပ် ဈေးတက်လာပါတယ်။

စီပီပြောင်း
ပြောင်းအဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ငွေကျပ် ၃၂,၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၁,၅၀၀ ကျပ်ကနေ ၃၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ကြက်သွန်အများဆုံးထွက်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီကတော့ တပိဿာကို ၄၅၀ ကျပ်ကနေ ၆၇၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၅ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၂၇၅ ကျပ်ကနေ ၇၀၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၅ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၂၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ကြက်သွန်နီကတော့ ဒီတပတ်မှာ ဈေးအနည်းငယ် တက်လာပါတယ်။ နေ့စဉ် ကုန်စည်ဒိုင်ကို ပိဿာချိန် ၅၀,၀၀၀ ခန့် ဝင်ရောက်နေပြီး အရောင်းအဝယ်ကလည်း သွက်နေပါတယ်။ သင်္ကြန်ကာလနီးတဲ့အတွက်ကြောင့် ဈေးက အတန်အသင့် တက်လာတာလည်း ဖြစ်ပါတယ်။ မတ်လကနေစပြီး ပြည်နယ်နဲ့ တိုင်းမှာ ကြက်သွန်အသစ်တွေ အဆမတန် ဝင်ရောက်လာပြီး ဈေးက ကျဆင်းသွားခဲ့တာပါ။

လက်ရှိမှာတော့ တပိဿာကို အမြင့်ဆုံးဈေး ၁,၂၀၀ ကျပ်သာ ရရှိနေတယ်လို့ သိရပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013