
Reflection - ရောင်ပြန်လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားမှာ ထူးခြားတာကတော့ အမျိုးသားဇာတ်ဆောင် မပါဝင်တာပါပဲ။
ဒီကားမှာ အဓိကဇာတ်ဆောင်တွေအဖြစ် မြန်မာသရုပ်ဆောင် မင်းသမီးတွေချည်း ရိုက်ကူးထားတဲ့ အက်ရှင်ကားတကားပဲ ဖြစ်ပါတယ်။
နာမည်ကြီး မင်းသမီး ၄ ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုန်ရွှေရည်နဲ့ Patricia တို့ ခေါင်းဆောင် ပါဝင်ထားတဲ့ ဒီဇာတ်ကားကို သုဒြာရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ လူမင်းက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ဒီဇာတ်ကားထဲက ဇာတ်ဆောင်အမျိုးသမီးတွေရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေလဲ။ ဖက်ရှင်အလန်းစား၊ အက်ရှင်အလန်းစားတွေနဲ့ တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် နှစ်ဆန်းတရက်နေ့မှာ ရုံတင်တော့မှာမို့ စောင့်မျှော်ပေးကြပါဦး။
Photo : Reflection - ရောင်ပြန်











