DVB Logo
Home
မြန်မာသတင်း
ပြည်ရွှေဆံတော်ဘုရားတွင် တည်းခိုနေသည့် ဘုရားဖူးများ တညထဲ ဖုန်း ၆ လုံးအခိုးခံရ
DVB
·
April 5, 2018
ပြည်ရွှေဆံတော်ဘုရားတွင် တည်းခိုနေသည့် ဘုရားဖူးများ တညထဲ ဖုန်း ၆ လုံးအခိုးခံရ
Donate to DVB

 

ပြည်မြို့ရှိ ရွှေဆံတော်ဘုရားကို ဘုရားဖူးလာကြတဲ့  ခရီးသည်အုပ်စုတစုဟာ ဧပြီလ ၄ရက် ညနေက ရွှေဆံတော်ဘုရားတည်းခိုဆောင်မှာ တညတည်းခိုရင်း ညပိုင်းမှာ အားသွင်းထားတဲ့ဖုန်း  ၆ လုံး ခိုးယူခံလိုက်ရပါတယ်။

အိုင်ဖုန်း ၂ လုံး၊ ဆမ်ဆောင်းဖုန်း ၁လုံး၊ ဟာဝေးဖုန်း ၂ လုံး၊ ဗွီဗိုဖုန်း ၁လုံးအပြင် ငွေ ၈၀၀၀၀ ကျော်ပါတဲ့ ပိုက်ဆံအိပ် တလုံးပါ သူခိုး ခိုးယူတာ ခံခဲ့ရတာပါ။

တယ်လီဖုန်းအခိုးခံရတဲ့မလှလှနွယ်က “ကျမတို့က ညနေလောက်ကမှ ဒီကိုရောက်တာ အခန်းက တခြားဘုရားဖူးတွေလဲရှိတော့ သော့ခတ်မထားဘူး။ ရာသီဥတုကလဲပူတော့ ဝင်လိုက်ထွက်လိုက်နဲ့ ဆိုတော့ ဘယ်အချိန်ဝင်ခိုးသွားလဲမသိဘူး။ ဒါပေမယ့် ပျောက်ပျောက်ခြင်း အဲဒီထဲကဖုန်းတွေကို ဆက်ကြည့်တော့ဝင်တယ်။  ဒါပေမယ့်ပြန်မဖြေဘူး။ နောက်တော့ သူတို့ ဖုန်းပိတ်ထားတော့တာပဲ။ ညကသိသိချင်း ည ၃ နာရီလောက်မှာပဲ မြို့မရဲစခန်းမှာ အမှုတော့သွားဖွင့်ထားလိုက်တာ။ အခုထိတော့ဘာမှမထူးသေးဘူး။ ဒီ မနက်ကို ခရီးဆက်ဖို့ အခုတော့ ခရီးမဆက်နိုင်သေးဘူး စောင့်နေရတယ်”လို့ ပြောပါတယ်။

ရွှေဆံတော်ဘုရား ဂေါပကအဖွဲ့(ရုံးအဖွဲ့)အုပ်ချုပ်ရေးမှူး ဦးငွေမောင်းက “ဒီနားမှာ ရဲကင်းလဲရှိတယ်။ တံခါးတွေ ပိတ်အိပ်ဖို့လည်း အမြဲသတိပေးထားတယ်။ အရင်တုန်းကတော့ တခါမှမဖြစ်ဖူးဘူး။ အခုမှဖြစ်တာ ညကတော့ ရဲစခန်းကိုသွားပြီး အမှုဖွင့် ခိုင်းထားတယ်။ အခုထိတော့ မထူးသေးပါဘူး။ သူတို့လည်း ခရီးဖင့်တာပေါ့”လို့ ရှင်းပြပါတယ်။

အဲဒီဘုရားဖူးအဖွဲ့က ပဲခူးမြို့ကဖြစ်ပြီး အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၆ ယောက်၊ ကလေး ၃ ယောက်ပါတဲ့ အဖွဲ့ဖြစ်ပြီး ပြည်မြို့ကနေ ခရီးဆက်ထွက်မှာဖြစ်ပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013