DVB Logo
Home
မြန်မာသတင်း
ဒေါသထွက်နေတဲ့ ဧရာမ လူဝံကြီးအကြောင်း ရိုက်ကူးထားတဲ့ Rampage ဇာတ်ကား
DVB
·
April 5, 2018
ဒေါသထွက်နေတဲ့ ဧရာမ လူဝံကြီးအကြောင်း ရိုက်ကူးထားတဲ့ Rampage ဇာတ်ကား
Donate to DVB

ဒေါသထွက်နေတဲ့ ဧရာမ လူဝံကြီးအကြောင်း ရိုက်ကူးထားတဲ့ Rampage ဆိုတဲ့ကားဟာ American Science Fiction Monster Film ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်။

နို့တိုက်သတ္တဝါတွေကို လေ့လာတဲ့ သိပ္ပံပညာရှင် Davis ဟာ ဉာဏ်ရည်မြင့်မားတဲ့ ငွေရောင်လူဝံကြီး George ကို ငယ်ငယ်လေးကတည်းကနေ စောင့်ရှောက်လာခဲ့ပြီး သူတို့ နှစ်ယောက်ဟာ မိတ်ဆွေတွေလို ချစ်ခင်ကြပါတယ်။

Davis ဟာ သားရဲ ကျေးငှက်တွေကို ကျူးကျော်ဝင်ရောက်ခိုးဖမ်းတာကို ဆန့်ကျင်တဲ့အဖွဲ့ရဲ့ ခေါင်းဆောင် တယောက်လည်း ဖြစ်ပါတယ်။

တရက် တောထဲမှာ အမည်မသိ မျိုးရိုးဗီဇ စမ်းသပ်ပစ္စည်းကနေ George ကူးစက်ခံရပြီး ယဉ်ပါးတဲ့ လူဝံကနေ ထိန်းလို့မရအောင် ဒေါသကြီးမားတဲ့ သတ္တဝါကောင်ကြီးအဖြစ် ပြောင်းလဲသွားစေပါတယ်။

အဲဒီနောက် မကြာခင်မှာပဲ သူ့လိုမျိုး နောက်ထပ် ဝံပုလွေတကောင်နဲ့ မိကျောင်း တကောင်လည်း ကူးစက်ခံရပြီး အလွန်ကြီးမားတဲ့ သတ္တဝါကောင်ကြီးတွေအဖြစ် ပြောင်းလဲသွားပြီး အမေရိကန်နိုင်ငံ မြောက်ဘက်မှာ သူတို့လမ်းကြောင်းတလျှောက် ရှိသမျှအရာတိုင်းကို ဖျက်ဆီးလို့နေပါတယ်။

ဒီလိုနဲ့ အမေရိကန် မြောက်ဘက်ကို ကယ်တင်ဖို့ Davis တယောက် မျိုးရိုးဗီဇပြောင်းလဲမှု သိပ္ပံပညာရှင် ဒေါက်တာ Kate Cladwell ရဲ့ အကူအညီနဲ့ သတ္တဝါကြီးတွေကို မူလအတိုင်းပြန်ဖြစ်ဖို့ ဖြေဆေးကို ရှာတွေ့မလား၊ သူ့မိတ်ဆွေ လူဝံကြီး George ကိုရော ကယ်တင်နိုင်ပါ့မလား။ နောက်ပြီး ဒီကူးစက်မှုကို စတင်ခဲ့သူတွေက ဘယ်သူတွေလဲ ဆိုတာရော ဖော်ထုတ်နိုင်မလား ဆိုတာတွေကို ဇာတ်လမ်းဆင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသား Dwayne Johnson က  အဓိကဇာတ်ကောင် Davis နေရာက ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး Naomie Harris လည်းပါဝင်ကာ ဒါရိုက်တာ Brad Peyton က ရိုက်ကူးထားတာပါ။

ကြမ်းကြမ်းတမ်းတမ်း ဇာတ်ဝင်ခန်းတွေ ပါတာမို့ ဇာတ်ကားရဲ့ အဆင့်ကိုတော့ အသက် ၁၃ နှစ်အောက်ကလေးတွေ မကြည့်ရှုသင့်တဲ့ PG 13 အဆင့်သတ်မှတ်ထား တာဖြစ်ပါ တယ်။

ဒီရုပ်ရှင်ကားကို အမေရိကန်မှာတော့ လာမယ့် ဧပြီလ ၁၃ ရက်နေ့မှာ ရုံတင်မယ်လို့ ကြေငြာထားပြီး Box Office မှာတော့ ပထမပတ်မှာတင် ၀င်ငွေအမေရိကန်ဒေါ်လာ ၃၅ သန်းရရှိဖို့ မျှော်မှန်းထားတာပါ။

Photo : Mingalar Cinemas

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013