DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ
DVB
·
April 5, 2018
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ
Donate to DVB

ဒီတပတ်ရဲ့ DVB Movie Crazy အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန် တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်ခါတော့ ပရိသတ်တွေကို ထူးထူးခြားခြား မြန်မာရုပ်ရှင်ကားတကားနဲ့ ပထမဆုံး မိတ်ဆက်ပေးချင်ပါတယ်။

ဒီကားကတော့ မကြာခင်မှာ ကြည့်ရှုရတော့မယ့် ‘ဒုဋ္ဌဝတီကို လွန်၍’ ဆိုတဲ့ ရုပ်ရှင်ကားပါ။

လူငယ်ဒါရိုက်တာအသစ်၊ ထုတ်လုပ်ရေးအသစ်နဲ့ ထူးထူးခြားခြား ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ရုံမတင်ခင်ကတည်းက ၁ မိနစ်စာ trailer နဲ့ နာမည်ကြီးနေခဲ့တာပါ။

သရုပ်ဆောင်မင်းသား နိုင်းနိုင်း၊ ဇော်ဇော်အောင်၊ ဆန်းထွဋ်နဲ့ အဆိုတော် အမွန်းတို့ ခေါင်းဆောင် ပါဝင်ထားတဲ့ ဒီဇာတ်ကားကို လူငယ် ဒါရိုက်တာ အာကာက ရိုက်ကူးထားပြီး Golden Hour Entertainment နဲ့ Arkar Production တို့က ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကားဟာ ရတနာသိုက်ရှာဖွေတဲ့ ဇာတ်လမ်းကို အခြေခံပြီး စွန့်စားမှု အက်ရှင်ဇာတ်လမ်းပုံစံ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကတော့ HipHop အဆိုတော် ရဲနောင် ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကို ပြင်သစ်နိုင်ငံနဲ့ မြန်မာနိုင်ငံ မြို့အများစုမှာ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီရုပ်ရှင်ဟာ ရုံတင်ရက်စောင့်နေတာဖြစ်ပြီး ရုပ်ရှင် trailer နဲ့အတူ ရုပ်ရှင်ဇာတ်ဝင်သီချင်းကလည်း လူကြိုက်များနေတာ ဖြစ်ပါတယ်။

ဒီကားရဲ့ ဇာတ်ဝင်သီချင်းကိုတော့ နာမည်ကြီး Rocker တဦးဖြစ်တဲ့ အဆိုတော် လေးဖြူက သီဆိုပေးထားတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရုံတင်ရင်တော့ သွားကြည့်သင့်တဲ့ ကားကောင်းတကားအဖြစ် Movie Crazy ပရိသတ်တွေကို ညွှန်းပေးလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013