DVB Logo
Home
မြန်မာသတင်း
တောင်ငူထောင် ၀န်ထမ်းတဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
DVB
·
April 5, 2018
တောင်ငူထောင် ၀န်ထမ်းတဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အကျဉ်းထောင်မှာ ဒီကနေ့မနက် အစောပိုင်းက အကျဉ်းဦးစီးဌာန ဝန်ထမ်းတဦးဆီက WY ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ တောင်ငူမြို့မရဲစခန်းက သိရပါတယ်။

“ဖမ်းမိတာက ဟုတ်ပါတယ်။ ကောင်လေးက အကျဉ်းဦးစီးဌာနက ဝန်ထမ်းလေးပေါ့။ တပ်သားဝေလင်း။ သူက ဒီနေ့မနက်မှာ ထောင်ထဲ မိန်းဂျေးမှာ လုံခြုံရေး အရန်တာဝန်ကျတာ၊ လုံခြုံရေး အရန်တာဝန်ကျတော့ တံခါးကြီးကနေဖြတ်ပြီးတော့ ဘူးပေါက်ထဲ ဝင်တာပေါ့။ ဝင်တဲ့အချိန်မှာပဲ တံခါးကြီးမှာ တာဝန်ကျတဲ့ တာဝန်မှူး လက်ထောက်ကြီးကြပ်ရေးမှူး (၁) ဇော်မင်းဦးရယ်၊ တံခါးတာဝန်ကြပ် ဒုတပ်ကြပ်ထွန်းထွန်းဝင်းတို့ရယ်က ဒီကောင်လေးမှာ ထမင်းချိုင့် ပါလာတယ်။ တပ်သားဝေလင်းမှာပေါ့နော်။ ထောင်ထဲဝင်မယ်ဆိုတော့ လုံခြုံရေးအရ အဲဒီထမင်းချိုင့်ကို စစ်တာပေါ့။ ထမင်းချိုင့် နှစ်ဆင့်ချိုင့်အပေါ်က ထမင်းတွေထဲမှာ မြှုပ်ပြီး ပလတ်စတစ်နဲ့ ပတ်ပြီးတော့မှ မူးယစ်ဆေးဝါး ပါလာတာ။ ၃၁ ပြား။ WY ပန်းရောင်ပေါ့။ အဲဒီမှာ ရှာဖွေတွေ့ရှိတာ။ ထောင်ထဲက အောင်ကြီး ဆိုတဲ့ အကျဉ်းသားက မူးယစ်ဆေးဝါးမှုနဲ့ ထောင် ၁၅ နှစ် ကျထားတာ။ သူက တပ်သားဝေလင်းကို မြှုဆွယ်တာပေါ့။ မုန့်ဖိုး ငါးသောင်းပေးမယ်ဆို ပြီးတော့။ ပိုက်ဆံတော့ မရသေးဘူး။ အပြင်က လူတယောက်ရဲ့ ဖုန်းနံပါတ်ကို ချိတ်လိုက်တယ်။ တပ်သားဝေလင်းက အပြင်ကလူ ကိုဖိုးဌေးဆိုတာပဲ သိလိုက်တယ်။ ဘယ်မှာနေမှန်းလည်း မသိဘူး။ ခေမာလမ်းက စားသောက်ဆိုင်နားက ကုတ္ကိုပင်အောက်နားမှာ မနေ့က ညနေ ၅ နာရီလောက်မှာ လာပေးလို့ ယူထားလိုက်တာ” လို့ တောင်ငူမြို့မရဲစခန်းမှူး ဒုရဲမှူးရန်နိုင်လတ်က ဒီဗွီဘီကို ပြောပါတယ်။

အခုလို စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတာကြောင့် အကျဉ်းဦးစီးဌာန ဝန်ထမ်း တပ်သားဝေလင်း၊ အကျဉ်းသား အောင်ကြီးနဲ့ မူးယစ်ဆေးပြားတွေ လာရောက်ပေးသွားသူ (စုံစမ်းဆဲ) တို့ကို တောင်ငူမြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ပုဒ်မ-၁၉(က)၊ ၂၁၊ ၂၃ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - သားကြီး(တောင်ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013