DVB Logo
Home
မြန်မာသတင်း
ကျွန်းပေါ်ကိုစွန့်ပစ်ခံခဲ့ရတဲ့ ခွေးလေးအကြောင်းရိုက်ထားတဲ့ Isle of Dogs အန်နီမေးရှင်းရုပ်ရှင်
DVB
·
April 4, 2018
ကျွန်းပေါ်ကိုစွန့်ပစ်ခံခဲ့ရတဲ့ ခွေးလေးအကြောင်းရိုက်ထားတဲ့ Isle of Dogs အန်နီမေးရှင်းရုပ်ရှင်
Donate to DVB

အနာဂတ်နဲ့ မဝေးတော့တဲ့ကာလ ဂျပန်နိုင်ငံမှာ ခွေးတုပ်ကွေး ဗိုင်းရပ်စ်ပိုးဟာ ခွေးအကောင်ရေတိုးပွားလာတာနဲ့အမျှ ပိုပြီးပျံ့နှံ့လာပါတယ်။

ဒီလိုနဲ့ မီဂါဆာကီမြို့က မြို့တော်ဝန်အသစ်ဖြစ်လာတဲ့ အာဏာရှင်ဆန်ဆန် ကိုဘာယာရှိ တယောက် ခွေးတွေအားလုံးကို Trash Island ဆိုတဲ့ အမှိုက်တွေစွန့်ပစ်တဲ့ကျွန်းကိုပို့ဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမယ့် သိပ္ပံပညာရှင် ၀ါတာနာဘေး ကတော့ ဗိုင်းရပ်စ်အတွက် ဖြေဆေးရှာတွေ့ဖို့ နီးစပ်နေပြီဖြစ်လို့ အဲဒီအမိန့်ကို သဘောမတွေ့ပါဘူး။

ဒီလိုနဲ့ ပထမဆုံး ကျွန်းပေါ်ကို အပို့ခံရတဲ့ခွေးကတော့ မိဘမဲ့လေး အာတာရီ ကိုဘာယာရှီ ရဲ့ ခွေးလေး Spots ပါ။ အာတာရီဆိုတဲ့ ကောင်လေးကတော့ မြို့တော်ဝန်ရဲ့ တူဖြစ်သလို သူ့ရဲ့အုပ်ထိန်းမှုအောက်မှာ နေနေရတဲ့ သူပါ။

Spots ကို ကျွန်းပေါ်အပို့ခံရပြီး ၆ လလောက်အကြာမှာတော့ အာတာရီတယောက် အိမ်ကနေထွက်ပြေးသွားပါတယ်။ ပြီးတော့ လေယာဉ်တစ်စင်းကိုခိုးပြီး သူ့ရဲ့ခွေးလေးကိုရှာဖို့ Trash Island ကို ထွက်ခွာခဲ့ပါတယ်။

ကျွန်းပေါ်ကိုတော့ လေယာဉ်ပျက်ကျပြီး ဆင်းသက်ခဲ့ရလို့ ကျွန်းပေါ်က Rex၊ King၊ Duke၊ Boss နဲ့ Chief ဆိုတဲ့ ခွေး ၅ ကောင်က ပျက်ကျတဲ့ လေယာဉ်ပေါ်ကနေ အာတာရီ ကယ်တင်လိုက်ပါတယ်။

ဒီလိုနဲ့ အာတာရီ တစ်ယောက် ခွေး ၅ ကောင်ရဲ့ အကူအညီနဲ့ ကျွန်းပေါ်မှာ Spots ကို လိုက်ရှာကြပါတော့တယ်။

ဒါပေမယ့် ကျွန်းရဲ့သီးခြားဖြစ်နေတဲ့ အပိုင်းမှာ လူသားစားတဲ့ ခွေးအုပ်စုတစ်စုလည်း ရှိနေပြန်တော့ အာတာရီရဲ့ ခွေးရှာပုံတော်ခရီးမှာ ဘယ်လိုအခက်အခဲတွေ ရှိလာမလဲ။ နောက်ပြီး ဖြေဆေးတွေ့ရင် ခွေးတွေပြန်ရောက်လာမှာကို မလိုလားတဲ့ မြို့တော်ဝင်ကရော ဘယ်လိုမျိုးကြံစည်လာမလဲ။

ဒီဇာတ်ကားကတော့ ဒါရိုက်တာ ၀က်စ်အန်ဒါဆင် ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတဲ့ Stop-motion Animated ဟာသကားလေးပါ။

၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Fantastic Mr. Fox နောက်ပိုင်း Wes ရဲ့ ဒုတိယမြောက် Stop-motion Animated ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နောက်ခံစကားအပြောအနေနဲ့ ပါဝင်ထားကြတဲ့လူတွေကလည်း နာမည်ကြီး အနုပညာရှင်တွေ တော်တ်ာများများပါဝင်ပါတယ်။

ဒီဇာတ်ကားကတော့ လက်ရှိ အမေရိကန်မှာ ပြသနေပြီး ဝေဖန်ရေးဆရာတွေဆီက ကောင်းမွန်တဲ့သုံးသပ်ချက်တွေ အများကြီးရရှိထားပါတယ်။

ဒါရိုက်တာ - Wes Anderson

နောက်ခံစကားပြောများ - Bryan Cranston, Edward Norton, Bill Murray, Jeff Goldblum, Greta Gerwig, Frances McDormand, Kunichi Nomura, Courtney B. Vance, Fisher Stevens, Hervey Keitel, Live Schreiber, Bob Balaban, Scarlett Johansson, Tilda Swinton, F. Murray Abraham, Frank Wood and Yoko Ono.

ကြာမြင့်ချိန် - ၁ နာရီ ၄၁ မိနစ်

ရုပ်ရှင်အဆင့်သတ်မှတ်ချက် - PG-13 (အသက် ၁၃ နှစ်အောက် ကလေးငယ်တွေအတွက် မသင့်တော်တဲ့ အခန်းတွေ ပါဝင်နိုင်တဲ့အတွက် မိဘရဲ့ အုပ်ထိန်းမှုနဲ့ ကြည့်သင့်ပါတယ်)

ရေးသူ - ကျော်နေသွေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013