DVB Logo
Home
မြန်မာသတင်း
လိုင်စင်မရှိဘဲ တရားမဝင် ဆေးကုသူများကို အရေးယူရန်အဆို လွှတ်တော်တွင် ရှုံးနိမ့်  
DVB
·
April 4, 2018
လိုင်စင်မရှိဘဲ တရားမဝင် ဆေးကုသူများကို အရေးယူရန်အဆို လွှတ်တော်တွင် ရှုံးနိမ့်  
Donate to DVB

တရားမဝင် ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးဝါးကုသတဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူနိုင်တာမရှိလို့ တနေ့တခြား ပိုမိုများပြားလာတဲ့အပေါ် စစ်ဆေးကြပ်မတ် အရေးယူပေးဖို့ ဧပြီ ၂ ရက်က မန္တလေးတိုင်းလွှတ်တော်မှာ  အဆိုတင်သွင်းပါတယ်။

ဧပြီ ၃ ရက်မှာတော့  အဆိုကို အတည်ပြုပေးဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၆ မဲ၊ ကန့်ကွက်မဲ ၂၇ မဲ၊ ကြားနေမဲ ၈ မဲရှိတာကြောင့် အဆိုရှုံးနိမ့်သွားပါတယ်။

ဒါပေမယ့် ရမ်းကုတွေအပါအဝင် တရားမဝင်ဆေးကုသနေတာတွေကို ဥပဒေအတိုင်း အရေးယူနိုင်အောင် ပြည်သူတွေက တိုင်ကြားဖို့လိုအပ်ပြီး အားလုံးပါဝင်ရင် ပပျောက်နိုင်တယ်လို့ ဆရာဝန်အဖြစ်တာဝန်ယူ လုပ်ကိုင်ခဲ့ဖူးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အောင်မြေသာစံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်က “လွှတ်တော်မှာ အဆိုအတည်မဖြစ်သေးဘူးဆိုတာ လွှတ်ပေးထားတာ မဟုတ်ဘူး။ အရေးမယူတော့ဘူးလို့ ပြောတာမဟုတ်ဘူး။ အင်တိုက်အားတိုက် အစိုးရအနေနဲ့ ပရောဂျက်ကြီးတခုလို ဆောင်ရွက်ပြီးတော့ မဖမ်းသေးတာပဲ ရှိတယ်။ တိုင်တဲ့လူရှိရင်တော့ ဥပဒေအတိုင်း အရေးယူရမှာပဲလို့ သိစေချင်တယ်”လို့ ပြောပါတယ်။

တရားမဝင် စပ်ဆေးတွေ အပါအဝင် ဆင်းရဲချို့တဲ့သူတွေကို အယုံသွင်းပြီး ဥပဒေမဲ့ ဆေးကုသတာတွေကြောင့် ပြည်သူတချို့ အသက်ဆုံးရှုံးရတာတွေ ရှိသလို တချို့ သူနာပြုအကူသင်တန်းတွေက ဥပဒေချိုးဖောက်တာတွေကို ကိုယ်တွေ့ကြုံရတာတွေ ရှိတာကြောင့် ဥပဒေစိုးမိုးရေးကို စီမံချက်နဲ့ အကောင်ထည်ဖော်နိုင်ဖို့ ထောက်ခံတာလို့  လွှတ်တော်မှာ ထောက်ခံဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေကပြောပါတယ်။

အောင်မြေသာစံမြို့နယ် လွှတ်တော်ကိုယ်စာလှယ် ဒေါက်တာကျော်ဦး(ခ)အောင်ကျော်ဦးက“ရမ်းကုနဲ့ ပတ်သက်ပြီး ပျောက်ကွယ်ဖို့ဆိုရင် နံပါတ်တစ်က ပြည်သူတွေ အရေးကြီးပါတယ်။ ပြည်သူတွေရဲ့ အသိဉာဏ်နဲ့ ကျန်းမာရေးအသိနဲ့ ရမ်းကုတွေနဲ့ ဆေးမကုတော့ဘူးဆိုရင် တဖက်က တဝက်လောက် လျော့သွားမှာပေါ့။ တဖက်က ဥပဒေအရ အရေးယူမှုတွေ လုပ်မယ်ဆိုရင် ရမ်းကုကတဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမယ်လို့ မြင်ပါတယ်။ လွှတ်တော်မှာ အဆိုမအောင်ပေမယ့် ကတိကဝတ်ကိုရခဲ့တယ်။ ဝန်ကြီးချုပ်ရဲ့ ကတိစကားတခု ရခဲ့တော့ အဆိုရှုံးပေမယ့် ရမ်းကုတွေကို ပြည်သူတွေကိုယ်တိုင်က လက်မခံတော့တဲ့အထိ တဖက်က ပညာပေးရမယ်။ နောက်တဖက်က ရမ်းကုတွေ အလွဲသုံးစားလုပ်နေတယ်၊ ဆေးကုနေတယ်။ လူတွေ ဒုက္ခရောက်နေတာ သိသိချင်း ပြည်သူပဲဖြစ်ဖြစ်၊ ကျန်းမာရေးဝန်ထမ်းပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် သိသိချင်း Inform လုပ်ပြီး ချက်ချင်း အရေးယူမှု လုပ်နိုင်မယ်ဆိုရင် ဖြေရှင်းနိုင်မှာပါ”လို့ ပြောပါတယ်။

လိမ်လည်ဆေးကုသနေသူတွေကို အစိုးရက အရေးယူ ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်နေဆဲရှိသလို  နောင်လည်း ဆောင်ရွက်သွားဖို့ ပိုင်းဖြတ်ပြီးကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်က လွှတ်တော်မှာ  ဖြေကြားသွားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013