DVB Logo
Home
မြန်မာသတင်း
Runningtex အထည်ချုပ်စက်ရုံအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ
DVB
·
April 4, 2018
Runningtex အထည်ချုပ်စက်ရုံအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာရှိတဲ့ ငွေပင်လယ်စက်မှုဇုန်အတွင်းက Runningtex အထည်ချုပ်စက်ရုံရှေ့မှာ  အလုပ်သမား ၆၀၀ ကျော်က ဒီကနေ့ ၆ရက်မြောက်အဖြစ် ဆန္ဒပြနေကြပါတယ်။

လုပ်ခလစာအပါအဝင် အလုပ်သမားအခွင့်အရေးတခုဖြစ်တဲ့ နှစ်စဉ်ကြေးကို တစ်နှစ်တစ်ခါ ပေးတာမျိုးမဟုတ်ဘဲ လစဉ်လုပ်ခလစာထုတ်ယူတိုင်း ပုံမှန်ထည့်သွင်းပေးဖို့ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုနေကြတာပါ။

ဧပြီ ၁ ရက်က စတင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဒီနေ့ဆိုရင် ၆ ရက်မြောက်ရှိပြီဖြစ်ပြီး လုပ်သမားတွေနဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းမှုနှစ်ကြိမ်ရှိခဲ့ပေမယ့် ပြေလည်မှုမရသေးပါဘူး။

အလုပ်သမားခေါင်းဆောင် မသီသီဝေက “သမီးတို့ ဒီစက်ရုံမှာ အလုပ်ဝင်တာ ၂ နှစ်ပြည့် ပါပြီ။ အလုပ်ရုံကလည်း ၂ နှစ်ရှိပြီ လုပ်ငန်းလည်ပတ်တာ။ ဒီနေ့ ဒီအချိန်အထိ နှစ်စဉ်ကြေး မရသေးဘူး။ ညီမတို့က နှစ်စဉ်ကြေးကို ၆ လတစ်ကြိမ် ၅၀၀၀ ထောင်ပေးဖို့တောင်းတယ်။ သူတို့ကတော့ တစ်နှစ်နေမှပဲ ပေါင်းပေးမယ်ပြောတယ်။ အဲ့တာတောင် လစာထဲ ထည့်ပေးမှာ မဟုတ်ဘူးတဲ့။ ညီမတို့က လစာထဲကို ပုံမှန်ထည့်ပေးမယ့် နှစ်စဉ်ကြေးကိုပဲ လိုချင်တယ်။”လို့ ပြောပါတယ်။

စက်ရုံရှေ့မှာတော့ စက်ရုံဘက်ကပေးနိုင်တဲ့ လုပ်ခနှုန်းထားတွေကိုရေးသားပေးထားပြီး၊ လုပ်ငန်းခွင်ထဲမဝင်ဘဲ ဆက်လက်ဆန္ဒထုတ်ဖော်သူတွေကို နစ်နာကြေးပေးမှာမဟုတ်ကြောင်းနဲ့ အလုပ်ကနေ မိမိဆန္ဒအလျောက် နုတ်ထွက်တယ်လို့ ယူဆမှာဖြစ်တယ်ဆိုတဲ့သတိပေးစာကို ဧပြီ ၄ ရက်မှာ အလုပ်ရှင်က စတင်ကြေညာလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  စက်ရုံတာဝန်ရှိသူတွေကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် မဖြေဆိုနိုင်ကြောင်း ပြန်လည်ငြင်းဆိုခဲ့ပါတယ်။

Runningtex စက်ရုံမှာ အလုပ်သမား စုစုပေါင်း ၁၀၀၀ ကျော်ရှိပြီး၊ အခု စက်ရုံပြင်ပမှာတော့ အလုပ်သမား ၆၀၀ ကျော်က ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013