DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
April 4, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆၀ တအိတ်ကို ငွေကျပ် ၄၃,၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၂၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး အနိမ့်ဆုံးဈေး ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၈,၂၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၂၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၂,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၆,၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဆန်ပြောင်း
ရန်ကုန် ကုန်စည်ဒိုင်မှာ ဆန်ပြောင်းက ၅၉.၂၅ ပိဿာဝင် တအိတ်ကို ၃၂,၉၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၃,၀၀၀ ပေါက်ေဈးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို  ၉,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၁၀၈,၀၀၀ ကျပ်ကနေ ၁၁၀,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မြင်းခြံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၀၄,၆၀၀ ကျပ်ကနေ ငွေကျပ် ၁၀၅,၇၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၁၂၅ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၄,၂၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စွန်တာ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စွန်တာပဲက တအိတ်ကို ငွေကျပ် ၅၈,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၇,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၀၀ ကျပ်  ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ပဲဇီးကွက်က တတင်းကို ငွေကျပ် ၂၀,၅၀၀ ပေါက်ဈေးရှိပြီး  တတင်းကို ၄၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တတင်းကို ၁၉,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး တတင်းကို ၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တတင်းကို ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြပါ သီးနှံတွေထဲက မတ်ပဲကတော့ ဈေးကျဆင်းနေပြီး ပဲစင်းငုံကတော့ ဈေးတက်နေတဲ့ အခြေအနေပါ။ နယ်ကုန်စည်ဒိုင်အချို့ကို မတ်ပဲအသစ်တွေ ဝင်ရောက်လာပြီး ဈေးက လျော့နည်းခဲ့ပါတယ်။ ဈေးလျော့နည်းပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန်အနေအထားမှာ ရှိပါတယ်။

ရန်ကုန်ဝယ်လက်တွေက အဝယ်များနေတဲ့အတွက် နယ်ကုန်စည်ဒိုင်တွေမှာ ပဲလက်ကျန် မရှိသလောက် နည်းပါးပြီး ဈေးက တက်နေပါတယ်။ ပဲအသစ်တွေ မကျန်သလောက် ဖြစ်နေပြီး ကုန်စည်ဒိုင်တွေကို ပဲတွေက အဝင်နည်းလာပါတယ်။ ပဲအဟောင်းလက်ကျန်တွေကိုသာ ထုတ်ရောင်းနေတဲ့ အခြေအနေရှိနေတယ်လို့ ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013