DVB Logo
Home
မြန်မာသတင်း
မိုးသက်လေပြင်းကြောင့် ယင်းမာပင်တွင် နေအိမ် ၃၀၀ ခန့် ပျက်စီး
DVB
·
April 4, 2018
မိုးသက်လေပြင်းကြောင့် ယင်းမာပင်တွင် နေအိမ် ၃၀၀ ခန့် ပျက်စီး
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးမှာ ဧပြီ ၃ ရက် ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်ခဲ့လို့ ယင်းမာပင်မြို့နယ်အတွင်း နေအိမ် ၃၀၀ လောက် လေဘေးဒဏ်ခံစားခဲ့ရပါတယ်။

ယင်းမာပင်မြို့နယ် ကျောက်မှော်၊ ဘန့်ဘွေး၊ တောင်ပု၊ စုန်းချောင်း၊ စည်လှောင်၊ မြရိပ်၊ မြို့ကြီး စတဲ့ ကျေးရွာအုပ်စုတွေက ကျေးရွာပေါင်း ၂၅ ရွာက နေအိမ်တွေ အမိုးလန်တာ၊ သစ်ပင်ပိတာ၊ ပြိုကျတာတွေ ဖြစ်ပေါ်ခဲ့ပြီး လူအချို့လည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ယင်းမာပင်လွှတ်တော်အမတ် ဒေါ်ခင်နှင်းရီက “မနေ့ညကတည်းက သစ်ပင်ပိလို့ မြေးအဘွား ဒဏ်ရာရတယ်ဆိုတဲ့ အိမ်တွေကို သွားပြီး လိုအပ်တာတွေ မေးမြန်း ကူညီထောက်ပံ့တာတွေ ပြုလုပ်ခဲ့တယ်။ စာရင်းတွေကတော့ တိတိကျကျ မရသေးဘူး။ ခန့်မှန်းရထားတဲ့ စာရင်းတွေအရ ၃၀၀ လောက်တော့ရှိပြီ။ ဒီနေ့မှာလည်း အဖွဲ့တွေခွဲပြီး စာရင်းအတိအကျရအောင် လိုက်လံကောက်ယူနေတယ်။ တိုင်းအစိုးရအဖွဲ့၊ လူကယ်ပြန်တို့ကိုလည်း အကြောင်းကြားထားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

၁ နာရီကျော်ကြာ တိုက်ခတ်ခဲ့တဲ့လေနဲ့ မိုးသီးကြွေကျမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာတွေ မရှိပေမယ့် နေအိမ်တွေ အမိုးလန်ခဲ့တဲ့အတွက် လောလောဆယ်မှာ နေထိုင်ရေးအတွက်ပဲ အဓိကလိုအပ်နေတယ်လို့ ကျောက်မှော်အုပ်စု အုပ်ချုပ်ရေးမှူးကလည်း ပြောပါတယ်။

လေပြင်းကြောင့် ကွမ်းခြံ၊ ငှက်ပျောနဲ့ သရက်ပင်တွေ ကျိုးကျပျက်စီးတာတွေ ရှိခဲ့သလို သစ်ပင်ကြီးတွေ လဲပြိုတာ ရှိခဲ့တဲ့အတွက် ယင်းမာပင်မြို့နယ် မီးသတ်ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တို့ကလည်း ရှင်းလင်းပေးနေကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးထဲက ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်၊ ကနီမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်တို့မှာလည်း လေပြင်းဒဏ်တွေ ခံစားခဲ့ရပါတယ်။

လက်ရှိမှာတော့ လေဘေးသင့် အိမ်ထောင်စုစာရင်းတွေ တိတိကျကျ ရရှိအောင် ကူညီပေးနိုင်ဖို့ စာရင်းကောက်ယူနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013