DVB Logo
Home
မြန်မာသတင်း
မြန်မာအရပ်ဘက်အဖွဲ့များကို အီးယူက ရန်ပုံငွေထောက်ပံမည့် အစီအစဉ်ဆွေးနွေး
DVB
·
April 4, 2018
မြန်မာအရပ်ဘက်အဖွဲ့များကို အီးယူက ရန်ပုံငွေထောက်ပံမည့် အစီအစဉ်ဆွေးနွေး
Donate to DVB

 

မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဥရောပသမဂ္ဂအကြား ရှေ့ဆက် လက်တွဲ လုပ်ဆောင်မယ့် ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဧပြီ ၄ ရက်နေ့က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ EU နဲ့ အရပ်ဖက်အဖွဲ့တွေ ဆွေးနွေးနေကြပါတယ်။

ဥရောပသမဂ္ဂနဲ့ အရပ်ဖက်အဖွဲ့တွေကြားမှာ ရန်ပုံငွေထောက်ပံမယ့်အစီအစဉ်ကို အသစ် ပြန်လည်ရေးဆွဲထားပြီး မြို့ပြကျေးလက် အရပ်ဖက်အဖွဲ့အစည်းမခွဲခြားပဲ တိုးတက်ကောင်းမွန်တဲ့ နည်းဗျုဟာအသစ်ကို ရေးဆွဲထားတယ်လို့ အရက်ဘက်အဖွဲ့ကိုယ်စား အကြမ်းမျဉ်းရေးဆွဲခဲ့တဲ့ ဦးသူရထွန်းက ပြောပါတယ်။

ဥရောပသမဂ္ဂဟာ မြို့ပြနေအရပ်ဖက်အဖွဲ့ အစည်းအကြီးတွေကိုသာ ရန်ပုံငွေထောက်ပံတယ်လို့ နာမည်ထွက်လာတဲ့အတွက် ရေရှည်ပူးပေါင်းနိုင်တဲ့ နည်းလမ်းကို ဆွေးနွေးကြတာဖြစ်တယ်လို့ တက်ရောက်တဲ့ အရပ်ဖက်အဖွဲ့တွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အရပ်ဖက်အဖွဲ့ ၄၀၀ ခန့်ရှိပြီး ရပ်ရွာအခြေပြု အဖွဲ့တွေကတော့ ထောင်ချီရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013