DVB Logo
Home
မြန်မာသတင်း
မြေနုကျွန်း ခွဲဝေချထားမှုနဲ့ပတ်သက်ပြီး မော်လမြိုင်တွင် ဆန္ဒပြ
DVB
·
April 4, 2018
မြေနုကျွန်း ခွဲဝေချထားမှုနဲ့ပတ်သက်ပြီး မော်လမြိုင်တွင် ဆန္ဒပြ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မုတ္တမမြေနုကျွန်း ခွဲဝေချထားမှုနဲ့ပတ်သက်ပြီး မော်လမြိုင်မြို့မှာ  ဧပြီ ၃ ရက် နေ့လယ်ပိုင်းက ပြည်သူလူထု ၈၀ လောက်က မြို့ထဲလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ  ပြည်သူ့အကျိုးအတွက် ကွင်းဆင်းကူညီဆောင်ရွက်ပေးခြင်း မရှိတဲ့ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်(အလိုမရှိ)၊ ပြည်သူလူထု အကျိုးစီးပွားကို ဖျက်ဆီးဆောင်ရွက်နေမှုများ (ချက်ချင်းရပ်)၊ ဒေသခံ တောင်သူများကို ကူညီဆောင်ရွက်ပေးသူအား နှောင့်ယှက်တိုင်ကြားသူ ( ဒို့ရန်သူ) စတဲ့ ကြွေးကြော်သံတွေနဲ့လည့်လည်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးခင်မောင်ထွေးက "လယ်မဲ့ ယာမဲ့ လယ်သမားတွေက သူ့ကို အကြိမ်ကြိမ် အကူအညီတောင်းခံခဲ့ပါတယ်။ ၁၅ မိနစ် ကိုယ်စားလှယ် ဆိုတာက မနှစ်က ကျနော်တို့တွေ သူ့ကိုသွားတွေ့တုန်း ၁၅ မိနစ် စောင့်ပေးပါလို့ ပြောလိုက်တာ။ ညနေ ၅ နာရီလောက်မှ မုတ္တမကို ပြန်ခဲ့ရတယ်။ ကိုယ်တိုင် မကူညီတဲ့အပြင် ကူညီပေးနေတဲ့ သူတွေကိုလည်း တိုက်ခိုက်တဲ့ပုံမျိုး တွေ့နေရလို့ ခုလို ဆန္ဒထုတ်ဖော်ရတာ” လို့ ပြောပါတယ်။

ပေါင်မြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က မတ်လ ၂၂ ရက် မွန်ပြည်နယ်လွှတ်တော်မှာ မုတ္တမမြေနုကျွန်း ခွဲဝေချထားမှုနဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့မှုကြောင့် အခုလို ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြသမားတွေဟာ မော်လမြိုင်မြို့၊ ဗိုလ်ချုပ်ပန်းခြံရှေ့မှ အထက်လမ်းမကြီးအတိုင်း အ.ထ.က (၆) မီးပွိုင့်မှ ဆင်းကာ အောက်လမ်းမကြီးကတဆင့် ကမ်းနားလမ်း ရေပေါ်ဈေးထိ လှည့်လည် ဆန္ဒထုတ်ဖော်ပြီး ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013