Home
မြန်မာသတင်း
မန္တလေးလမ်းလျှောက်သင်္ကြန် ဦးရာလူစနစ်ဖြင့် နေရာချထားပေးမည်
DVB
·
April 4, 2018
29595221_1487450864716492_7633517025038390590_n
  မန္တလေးမြို့ ကျုံးတောင်ဘက်မှာ ကျင်းပမယ့် လမ်းလျှောက်သင်္ကြန်အတွက် နေရာ ချထားပေးဖို့ မြို့တော်စည်ပင်က စတင်လုပ်ဆောင်နေပါတယ်။ ဦးရာလူစနစ်နဲ့ လျှောက်ထားရမှာဖြစ်ပြီး ပေ ၃၀ အကျယ်ကို ၁၀ သိန်းကျပ်၊ ပေ ၂၀ အကျယ်ကို ၇ သိန်းနဲ့ ၁၀ ပေအကျယ်ကို ၄ သိန်းကျပ် ပေးသွင်းရမယ်လို့ စည်ပင်ကော်မတီဝင်တဦးဖြစ်တဲ့ ဦးကျော်ဇောအောင်ကပြောပါတယ်။ ဒါပေမယ့် ရေစုပ်စက်ဖိုးကိုတော့ မကောက်ခံတော့ဘူးလို့ သိရပါတယ်။  လမ်းလျှောက်သင်္ကြမှာ မိသားစုတွေ၊ ကုမ္ပဏီတွေလည်း ပါဝင်ဆင်နွှဲနိုင်အောင်လို့ လုံခြုံရေးကို တင်းကျပ်စွာ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ လမ်း ၈၀ မှ ၆၆ လမ်းအထိ ၂၆-ဘီ လမ်းတလျှောက်ကို လုံခြုံရေးကင်မရာတွေ တပ်ဆင်နေပြီး လုံခြုံရေးအတွက်  ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024