DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တွေ့ဆုံဆွေးနွေး
DVB
·
April 4, 2018
ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တွေ့ဆုံဆွေးနွေး
1 / 2
Donate to DVB

 

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA)ရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒု ညှိနှိုင်းရေးမှူး မစ္စအူဆူလာ မူလာဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပါတယ်။

တွေ့ဆုံရာမှာ လူသားချင်းစာနာမှုအကူအညီပေးရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ပညာရေး၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမြှင့်တင်ရေးနဲ့  ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စတွေ ဆွေးနွေးကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

မစ္စမူလာနဲ့အဖွဲ့ဟာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့လည်း သီခြားတွေ့ဆုံခဲ့ပြီး  ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပြီး နေရပ်စွန့်ခွာသွားသူတွေ ပြန်လက်ခံရေးကိစ္စ၊ ပြန်ဝင်ရောက်လိုသူတွေကို စားဝတ်နေရေးကူညီထောက်ပံ့မယ့်ကိစ္စ၊  ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ခိုလှုံရေးစခန်းတွေ ပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေးကိစ္စ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာသင်ကြားနိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရသတင်းထုတ် ပြန်ချက်အရသိရပါတယ်။

မစ္စမူလာဟာ ဧပြီလ ၂ ရက်ကနေ  ၈ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကချင်နဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာတိမ်းရှောင်သူတွေရဲ့ စခန်းတွေကိုလည်း သွားရောက်ဖို့ အစီအစဉ်ရှိပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ အာဆီယံနဲ့ ကုလသမဂ္ဂ ဒေသတွင်း နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ဖို့နဲ့ အင်ဒိုနီးရှား အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ အတွက် အင်ဒိုနီးရှားကို ဆက်လက် သွားရောက်ဖို့ရှိပါတယ်။

ဓာတ်ပုံ- State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013