DVB Logo
Home
မြန်မာသတင်း
တရားမ၀င်နေထိုင်သည့် ထိုင်းနှင့်လာအိုနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးအရေးယူ
DVB
·
April 3, 2018
တရားမ၀င်နေထိုင်သည့် ထိုင်းနှင့်လာအိုနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးအရေးယူ
Donate to DVB

 

ထိုင်းနိုင်ငံသား ၉ ဦးနဲ့ လာအိုနိုင်ငံသူ ၁ ဦးတို့ကို မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုအပြင်​ မူးယစ်ဆေးဝါးမှုတွေနဲ့ပါ ဧပြီ ၁ ရက်က ဖမ်းဆီးထားတယ်လို့ တာချီလိတ်မြို့မရဲစခန်းက သိရပါတယ်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်းက ထိုင်းနိုင်ငံသားတွေ အများစု ငှားရမ်း နေထိုင်တဲ့ နေအိမ်လိုင်းခန်းကို မူးယစ်ဆေးဝါး သတင်းအရ ရှာဖွေဝင်ရောက်ဖမ်းဆီးစဉ်မှာ တရားမဝင် နေထိုင်သူတွေနဲ့ မူးယစ်ဆေးဝါး သက်သေခံပစ္စည်းတွေ ရှာဖွေတွေ့ရှိတာပါ။

တာချီလိတ်မြို့မရဲစခန်းက ရဲအုပ်ကိုကိုဦးက “အားလုံးပေါင်း အမှုဖွင့်ထားတာ ၁၀ ဦးပါ။ ထိုင်းနိုင်ငံသား ၉ ဦး၊ လာအိုနိုင်ငံသူ ၁ ဦးပါ။ ဒါတွေကို တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ အမှုဖွင့်ထားတာပါ။ ဒီအထဲက မူးယစ်ဆေးဝါးမှုနဲ့ ထိုင်းနိုင်ငံသား ၃ ဦးကို ထပ်ပြီး တရားစွဲထားပါတယ်”လို့ ပြောပါတယ်။

တာချီလိတ်မှာ တရားမဝင် လာရောက်နေထိုင်ကြတဲ့ ထိုင်းနိုင်ငံသားတွေထဲမှာ တဖက်နိုင်ငံက မူးယစ်ဆေးဝါးမှုနဲ့ အမည်ပျက်စာရင်းသွင်းခံရပြီး တိမ်းရှောင်လာတဲ့သူတွေ ရှိတယ်လို့လည်း သိရပါတယ်။

စတင်ဝင်ရောက်ဖမ်းဆီးစဉ်က နိုင်ငံခြားသား ၁၈ ဦး ပါဝင်ပေမယ့် ထိုင်းနိုင်ငံသား ၈ ဦးကတော့ တရားဝင် စာရွက်စာတမ်းတွေနဲ့ နေထိုင်နေတဲ့အတွက် တရားစွဲဆိုခြင်းမပြုပါဘူး။

အဆိုပါ ထိုင်းနိုင်ငံသားတွေဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ မယ်ဆိုင်ရေချောင်း အားဖြတ်ကာ တာချီလိတ်မြို့ ပုန်းထွန် ရပ်ကွက်အနီးရှိ ရေချောင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် ဖြတ်သန်း ခွင့် လက်မှတ်တစ်စုံတစ်ရာမပါရှိဘဲ တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် တစ်စုံ တစ်ရာ မပါရှိဘဲ တရားမဝင် ဝင်ရောက် လာတဲ့  ထိုင်းနိုင်ငံသား ကိုးဦးနဲ့ လာအိုနိုင်ငံသူ တစ်ဦးတို့အား တာချီ လိတ်မြို့မရဲစခန်းက (ပ)၉၇/၁၈၊ ၁၉၄၇ ခုနှစ်၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/ ၁၃(၅)ဖြင့် အမှုဖွင့် အရေးယူထားပါတယ်။

တာချီလိတ်မြို့မှာ တဖက်နိုင်ငံက တရားမဝင် လာရောက်နေထိုင်ကြတဲ့ ထိုင်းနိုင်ငံသားတွေဟာ  မနှစ်ကထက် ပိုမိုများပြားလာပြီး အများစုက မြို့ပေါ်က ကာစီနိုလောင်းကစားရုံ၊ နိုက်ကလပ်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ပြုလုပ်ကြလေ့ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း-ကိုဇက်

ဓာတ်ပုံ- Chiang Mai News/ Myanmaralin

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013