Home
မြန်မာသတင်း
ကျောက်တော်မြို့တွင် သဲကျောက်ထိုင်တော်မူဘုရား တွေ့ရှိ
DVB
·
April 3, 2018
29791867_2316126471746287_4874190386092777714_n
  ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ သဲကျောက်ဘုရားဆင်းတုတော် ၁ ဆူ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဥဒေါင်းတောင် ဆရာတော် ဘဒ္ဒန္တ အဂ္ဂဝံသရဲ့ ကြီးကြပ်မှုနဲ့ ကျောက်တော်မြို့နယ် ဒေးဝန်းကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းဘေး တောင်ကုန်းရှိ စေတီပျက်နေရာတ၀ိုက် ခြုံနွယ်တွေ ရှင်းလင်းရင်း  ဧပြီ ၂ ရက်မှာ ဆင်းတုတော်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပလ္လင်တော်အမြင့် ၃ ပေ၊ အကျယ် ၆ ပေ၊ ကိုယ်လုံးတော်ပတ်လည် ၆ ပေ၊ အမြင့် ၇ ပေခန့်ရှိ သဲကျောက်ထိုင်တော်မူဘုရား ဆင်းတုတော်ဟာ ကျိုးပဲ့ပျက်စီးနေပြီး တွေ့တဲ့နေရာမှာပဲ အပူဇော်ခံထားရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024