DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်တွေ့ဆုံဆွေးနွေး
DVB
·
April 3, 2018
ရခိုင်ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်တွေ့ဆုံဆွေးနွေး
Donate to DVB

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဆူရာကီရတ် ဆာသီရာထိုင်းဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံပါတယ်။

တွေ့ဆုံရာမှာ အကြံပေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ လုပ်ငန်းအစီအစဉ်တွေကို အကြံပေးအဖွဲ့ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့ပြီး၊ အကြံပေးအဖွဲ့ရဲ့ ကနဦး အကြံပြုချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းသွားဖို့နဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အနာဂတ်မှာ ဆောင်ရွက်မယ့်ကိစ္စတွေ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

အခုတွေ့ဆုံမှုဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့အနေ စတင်ထူထောင်ပြီးချိန်ကစပြီး ဒုတိယအကြိမ် လာရောက်တွေ့ဆုံမှုဖြစ်ပါတယ်။

အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဆူရာကီရတ်နဲ့ အဖွဲ့ဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့လည်း မနေ့က နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာပြီးခဲ့တဲ့ ဇန်နဝါရီလက ပထမဆုံးတွေ့ဆုံတဲ့ အစည်းအဝေးမှာ တင်ပြခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည် ဖော်မှုဆိုင်ရာ နောက်ဆုံး လုပ်ငန်းတိုးတက်မှု အခြေအနေတွေ၊ လူသားချင်း စာနာမှုအကူအညီ အပြည့်အဝရရှိစေရေး၊ မီဒီယာတွေ သတင်းရယူနိုင်ရေးနဲ့ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာ ချထားရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ ကုလသမဂ္ဂအဖွဲ့တွေ ပါဝင်ဆောင်ရွက်နိုင်ရေးတို့နဲ့ ပတ်သက်ပြီး လက်တွေ့ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်နေတဲ့ ကျန်းမာရေးနဲ့ ပညာရေး ကိစ္စတွေ၊ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ နိုင်ငံသားဖြစ်မှု စိစစ်ရေးလုပ်ငန်းတွေ၊ ၊ သတင်းမီဒီယာတွေ နှစ်ပတ်လျှင်တစ်ကြိမ် ရခိုင်ပြည်နယ် အတွင်း သွားရောက်သတင်းယူနေတဲ့ကိစ္စ၊ ၂၀၁၂ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ခိုလှုံရေး စခန်းတွေ ပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေးကိစ္စ စတာတွေ ဆွေးနွေးခဲ့တယ်လို့လည်း အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013