DVB Logo
Home
မြန်မာသတင်း
အောင်စန်းပွင့် ဇာတ်သဘင်အဖွဲ့ကား ဂွမြို့ရိုးတွင် ချောက်​ထဲ ထိုးကျ၊ ၆ ဦး သေဆုံး
DVB
·
April 3, 2018
အောင်စန်းပွင့် ဇာတ်သဘင်အဖွဲ့ကား ဂွမြို့ရိုးတွင် ချောက်​ထဲ ထိုးကျ၊ ၆ ဦး သေဆုံး
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ဂွမြို့၊ ဗေဒါစစ်ဆေးရေးဂိတ်အနီးမှာ အောင်စန်းပွင့် ဇာတ်သဘင်အဖွဲ့ စီးနင်းလာတဲ့ ကားတစီး ပေ ၅၀၀ ကျော်လောက်ရှိတဲ့ ချောက်ထဲကို ထိုးဆင်းသွားတာကြောင့် ကားပေါ်မှာပါလာတဲ့ ဇာတ်အဖွဲ့သား  ၆ ဦး သေဆုံးသွားပါတယ်။

အောင်စန်းပွင့် ဇာတ်အဖွဲ့ဟာ ဂွမြို့နယ်၊ ကြွေးချိုင်းကျေးရွာပွဲကအပြန် ဧပြီ ၂ ရက် ညနေ ၆ နာရီဝန်းကျင်လောက်က ဂွမြို့ ဗေဒါဂိတ်အနီး ဂွရိုးပေါ်မှာ ကားဘရိတ်ပေါက်ပြီး ချောက်ထဲကို ထိုးကျသွားတာလို့ ဂွမြို့နယ် ထာဝရမေတ္တာ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ကိုသော်တာက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ကြွေးချိုင်းကျေးရွာမှာ ဇာတ်အဖွဲ့ ကပြီးလို့အပြန်မှာ မနေ့ည ၆ နာရီလောက် ဖြစ်တာပါ။ ပေ ၅၀၀ ကျော်လောက်နက်တဲ့ ချောက်ထဲကို ထိုးကျသွားတာ။ ကားဘရိတ်ပေါက်ပြီး ထိုးကျသွားတာ။ မှောက်တဲ့နေရာမှာပဲ အမျိုးသမီး ၄ ယောက် ဆုံးသွားတယ်။ အမျိုးသား ၁ ယောက် ဆုံးသွားတယ်။ အမျိုးသမီး ၁ ယောက်ကတော့ ဆေးရုံမှာ ဆုံးသွားပါတယ်။ အားလုံး စုစုပေါင်း ၆ ဦး”

ကားမတော်တဆမှုမှာ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ အောင်စန်းပွင့် ဇာတ်အဖွဲ့သား ကျန် ၂၆ ဦးကတော့ ဂွမြို့နယ် ပြည်သူ့ဆေးရုံမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဂွမြို့နယ်ရဲစခန်းကို ဒီကနေ့မနက်ပိုင်းက ဒီဗွီဘီက ဆက်သွယ်ခဲ့မယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ကိုသော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013