ကနီတွင် အစာအဆိပ်သင့်မှုကြောင့် လူနာ ၁၄၈ ဦး ဆေးကုသမှုခံရယူ (ဓာတ်ပုံ)
DVB
·
April 2, 2018

1 / 6
ကနီမြို့နယ်မှာ အစာအဆိပ်သင့်မှုကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူနာ စုစုပေါင်း ၁၄၈ ဦးရှိသွားပြီလို့ သိရပါတယ်။
ကနီဆေးရုံမှာ လူနာ ၃၃ ဦး၊ သာသနာ့ဗိမာန်မှာ ၈၃ ဦး၊ အလကကျောင်းမှာ ၄၂ ဦး စုစုပေါင်း ၁၄၈ ဦး ဆေးကုသမှုခံယူနေရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ပြောပါတယ်။
အလှုမှာကျွေးတဲ့ အစားအသောက်တွေထဲက စုစုပေါင်း ၁၆ မျိုးကိုလည်း ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေတယ်လို့ဆို ပါတယ်။
တချို့လူနာတွေကတော့ ကောင်းမွန်နေပြီဖြစ်လို့ မကြာခင် အိမ်ပြန်ကြတော့မယ်လို့ ဆိုပါတယ်။











