DVB Logo
Home
မြန်မာသတင်း
တနင်္သာရီသစ်တောများအား ဖြတ်ဖောက်မည့် အဝေးပြေးလမ်းကြောင့် ဇီဝမျိုးကွဲများ ဆုံးရှုံးမည်ကို စိုးရိမ်
DVB
·
April 2, 2018
တနင်္သာရီသစ်တောများအား ဖြတ်ဖောက်မည့် အဝေးပြေးလမ်းကြောင့် ဇီဝမျိုးကွဲများ ဆုံးရှုံးမည်ကို စိုးရိမ်
Donate to DVB

 

တနင်္သာရီ သစ်တောတွေကို ဖြတ်သန်းဖောက်လုပ်မယ့် အဝေးပြေးလမ်းမကြီးကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပါတဲ့ ဇီဝမျိုးကွဲတွေ ဆုံးရှုံးသွားမှာကို စိုးရိမ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) မြန်မာနိုင်ငံဆိုင်ရာ အစိမ်းရောင် စီးပွားရေး အစီအစဉ် မန်နေဂျာ မစ္စ ဟန်နာ ဟယ်ဆင်ဂန်က ပြောပါတယ်။

ထားဝယ်စီးပွားရေးဇုန်နဲ့ အဆိုပြု ရေနက်ဆိပ်ကမ်းတို့ကို ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ တခြား ဒေသတွေကို ချိတ်ဆက်ပေးမယ့် လမ်းမကြီး ဖောက်လုပ်ရာမှာ သုံးဖို့အတွက် ထိုင်းနိုင်ငံက ချေးငွေယူဖို့ ဆုံးဖြတ်လိုက်တာကြောင့် ဒီနေ့ပဲ ထုတ်ပြန်လိုက်တာပါ။

မတ်လ ၂၆ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီကနေ ထိုင်းဘတ် သန်းပေါင်း ၄၅၀၀ ချေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မစ္စ ဟန်နာ ဟယ်ဆင်ဂန်က “ဒီလမ်းကို သေသေချာချာ စနစ်တကျ စီစဉ်ဖောက်လုပ်တာမျိုး မဟုတ်ရင် ဒီနယ်မြေတွေက တကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပါလှတဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေနဲ့ ဂေဟစနစ်ချိတ်ဆက်မှုတွေကို အများအပြား ဆုံးရှုံးရနိုင်ပြီး အကျိုးဆက်အနေနဲ့ ဒေသခံလူထုရဲ့ သာယာဝပြောမှုကိုလည်း အလေးဂရုပြုလောက်စရာ သက်ရောက်မှုတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ဒီနေ့အချိန်ထိ လမ်းဖောက်လုပ်ရေး လုပ်ငန်းအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ  ဆန်းစစ်ချက်နဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် မူကွဲတွေအများကြီး တင်ပြထားခဲ့ပေမယ့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက တခုမှ လက်ခံထားတာ မရှိဘူးလို့လည်း WWF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ကျမတို့ တွေ့ဆုံစကားပြောဖြစ်တဲ့ အဆိုပြု လမ်းမကြီးတလျှောက်က ကျေးရွာတော်တော်များများက စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မသိကြတာ တွေ့ရပါတယ်။ ဒါ့အပြင် ထားဝယ် အထူးစီးပွားရေးဇုန်ရဲ့ အဆိုပြုနယ်မြေမှာ မကြာသေးခင်က ပြုလုပ်သွားတဲ့ တိုင်ပင်အသိပေးမှု အခမ်းအနားမှာလည်း အကျိုးသက်ရောက်မှု ခံစားခဲ့ရတဲ့ လူထုလူတန်းစား အများအပြားက ဖိတ်ကြားမခံရလို့ မတက်ရောက်ခဲ့ရပါဘူး” လို့ မစ္စ ဟန်နာ ဟယ်ဆင်ဂန်က ပြောပါတယ်။

ဒီစီမံကိန်းတွေကြောင့် ဒေသတွင်းက သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူလူထုကို သက်ရောက်မှု လုံးဝမရှိအောင် မရှောင်လွှဲနိုင်ပေမယ့် ထိခိုက်မှုလျော့နည်းအောင် ဆောင်ရွက်ဖို့ကတော့ ဖြစ်နိုင်တယ်လို့လည်း WWF က ဆိုပါတယ်။

ဓာတ်ပုံ - WWF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013