DVB Logo
Home
မြန်မာသတင်း
ဝက်မှေးရွာဟောင်း ရုန်းရင်းဆန်ခတ်ဖြစ်မှု ဒေသခံများရှင်းလင်း
DVB
·
April 2, 2018
ဝက်မှေးရွာဟောင်း ရုန်းရင်းဆန်ခတ်ဖြစ်မှု ဒေသခံများရှင်းလင်း
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ဒေသရှိ ဝက်မှေးရွာဟောင်းက ရွာသားတွေ နေအိမ်ပြောင်းရွှေ့မှုဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ တရားရုံးမှာ ဥပဒေနဲ့အညီပြန်လည်ဖြေရှင်းသွားမယ်လို့  ဒေသခံတွေက သတင်းစာရှင်းလင်းပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်က ဝက်မှေးရွာဟောင်းရှိ နေအိမ်တချို့ပြောင်းရွှေ့ရာမှာ ရဲတပ်ဖွဲ့နဲ့ ဒေသခံတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဝက်မှေးရွာသူ ၂ ဦး ဖမ်းဆီးအမှုဖွင့်ခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသခံတွေက ကျေနပ်မှုမရှိတဲ့အတွက် ဧပြီ ၂ ရက်နေ့က ၀က်မှေးရွာမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပြီး  အခုလို မတရားအမှုဖွင့် တရားစွဲဆိုခံရတာနဲ့ပတ်သက်လို့  တရားရုံးမှာ သက်သေ အပြည့်အစုံနဲ့ ပြန်လည်ခုခံဖြေရှင်းသွားမယ်လို့  ဖမ်းဆီးအမှုဖွင့်ခံခဲ့ရတဲ့   မသွဲ့သွဲ့ဝင်းကပြောပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့နေ့က ရဲတပ်ဖွဲ့တွေဝက်မှေးရွာကို လာရောက်ရာမှာ သုံးစွဲခဲ့တဲ့ RLG နံပါတ် အဝါတပ်ထားတဲ့ကားကို အသုံးပြုခဲ့တာနဲ့ အများပိုင်လမ်းကို ပိတ်ဆို့ခဲ့တာတွေဟာ ဥပဒေနဲ့ညီညွတ်မှုရှိရဲ့လားလို့  ဒေသခံတွေက ကိုအောင်ဇော်ဦးပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး  ကျော်သန့်နိုင်ကတော့ ဝက်မှေးရွာဖြစ်စဉ်မှာ ရဲတပ်ဖွဲ့က အင်အား ၁၈၀ ကိုသုံးစွဲခဲ့တာဟာ ပြည်သူတွေရဲ့အခွင့်အရေးကာကွယ်ဖို့အတွက် အကူအညီပေးအပ်ခဲ့တာဖြစ်ပြီး ဥပဒေနဲ့အညီ အင်အားသုံး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တိုင်းအစိုးရရဲ့သတင်းစာရှင်းလင်းပွဲမှာ လုံ/နယ်ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

လက်ပံတောင်းဒေသ ဝက်မှေးဖြစ်စဉ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း၊ မစန်းလှတို့ကိုတော့ တိုင်းအစိုးရက သတင်းစာရှင်းလင်းပွဲအပြီး မတ်လ ၃၁ ရက်ညနေပိုင်းက ပုဒ်မ ၃၃၃ အစား ၃၃၂ သို့ပြောင်းကာ အာမခံနဲ့ပြန်လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013