DVB Logo
Home
မြန်မာသတင်း
သေဆုံးသူ FDA ဝန်​ထမ်း၏ ခန္ဓာကိုယ်တွင် အမျိုးသားသုက်ပိုးမ​တွေ့ဟု မှုခင်းဆရာဝန် ထွက်ဆို
DVB
·
April 2, 2018
သေဆုံးသူ FDA ဝန်​ထမ်း၏ ခန္ဓာကိုယ်တွင် အမျိုးသားသုက်ပိုးမ​တွေ့ဟု မှုခင်းဆရာဝန် ထွက်ဆို
Donate to DVB

FDA ဝန်​ထမ်း အမျိုးသမီးအသတ်​ခံရမှုမှာ ​သေဆုံးသူရဲ့ ခန္ဓာကိုယ်အတွင်း အမျိုးသားသုက်ပိုး မ​တွေ့ရှိရဘူးလို့ ဧပြီ​ ၂ ရက်​​ ရုံးချိန်းမှာ မှုခင်းဆရာဝန်​က ထွက်​ဆိုလိုက်​ပါတယ်​။

သေဆုံးသူ မ​ရွှေရည်​ဝင်းကို ရင်​ခွဲစစ်​​ဆေးချက်​​တွေနဲ့ မိန်းမကိုယ်​အတွင်းပိုင်းကို မှန်​ပြား စစ်​​ဆေးမှု လုပ်​ရာမှာ မိန်းမကိုယ်​အ​ရှေ့ဘက်​​ရော စအိုမှာပါ လတ်​တ​လော ထိုးသွင်းဒဏ်​ရာ​တွေ ​တွေ့ရှိ​ပေမယ့် အမျိုးသားသုက်ပိုး မ​တွေ့ရှိဘူးလို့ ​မြောက်​ဥက္ကလာပ​ဆေးရုံ ဆရာဝန်​ကြီး ဦးထွန်းမင်းထွန်းက ထွက်​ဆိုလိုက်​တာပါ။

မ​ရွှေရည်​ဝင်း သေဆုံးမှုဟာ အဓိက လည်​ပင်းထိုးသွင်းဒဏ်​ရာနဲ့ ညှစ်​အား​တွေ​ကြောင့် ဖြစ်​တယ်​လို့ ​ဆေးစစ်​ချက်​​တွေအရ ထွက်​ဆိုပါတယ်​။

ဒါ့အပြင်​ တရားစွဲဆိုခံထားရတဲ့ မျိုးဇော်​ဦးရဲ့ အမျိုးသား လိင်​အင်္ဂါကို စစ်​​ဆေးရာမှာ လိင်​အင်္ဂါ ဒဏ်​ရာမရှိ​ကြောင်း။ ထိုးသွင်းထားခြင်း ရှိ၊ မရှိကို​တော့ ​ဆေးပညာအရ တပ်​အပ်​မ​ပြောနိုင်​​ကြောင်း ထွက်​ဆိုပါတယ်​။

မှုခင်းဆရာဝန်ကြီးရဲ့ စစ်ချက်တွေကို မြောက်ဥက္ကလာပဆေးရုံက ဆရာဝန်ကြီးကတဆင့် သက်သေလာရောက်ထွက်ဆိုပေးခဲ့တာဖြစ်ပြီး စစ်ဆေးချက်တွေအားလုံးအရ သေနိုင်လောက်တဲ့ ဒဏ်ရာဟာ လည်ပင်းထိုးသွင်းဒဏ်ရာဖြစ်ပြီး အမျိုးသမီး အရှေ့အင်္ဂါရော အနောက်စအိုမှာပါ ထိုးသွင်းဒဏ်ရာ၊ သွေးထွက်ဒဏ်ရာ ရှိနေပေမယ့် အမျိုးသားသုက်ပိုး မတွေ့တဲ့အတွက် ဆေးပညာအရ သားမယားပြုကျင့်ခြင်း မပြုကျင့်ခြင်းအပေါ် မသုံးသပ်နိုင်တာပဲ ဖြစ်ပါတယ်။

ဒီလို ထိုးသွင်းဒဏ်ရာရှိပေမယ့် အမျိုးသားသုက်ပိုး ခန္ဓာကိုယ်မှာ မတွေ့တဲ့အတွက် ယာဉ်မောင်း မျိုးဇော်ဦးကို စွဲဆိုထားတဲ့ ပုဒ်မတွေ လျော့ကျသွားနိုင်တယ်လို့ တရားခံရှေ့နေက ဆိုပါတယ်။

“အခု အဓိကတိုက်နေတာတော့ ပုဒ်မ ၃၇၆ နဲ့ ၃၇၇ ပေါ့။ ဒါတွေက အခုလည်း အထင်အရှားမပေါ်တော့ အမှုအလားအလာ သူ့အတွက် ကောင်းသွားတာပေါ့။ ပုဒ်မ ၃၀၂ ကတော့ သေချာပါတယ်။ သေနိုင်လောက်တဲ့ ဒဏ်ရာ ဖြစ်တယ်။ ကျနော်က တရားခံရှေ့နေ ဖြစ်ပေမယ့် မရွှေရည်ဝင်းအတွက် တရားမျှတမှုကို လိုလားပါတယ်" လို့ တရားခံရှေ့နေ ဦးမောင်မောင်စိုးက ပြောပါတယ်။

မျိုး​ဇော်​ဦး(ခ)ဆီဒိုးနားကို ရာဇဝတ်​မှုပုဒ်​မ ၃၉၄၊ ၃၇၇၊ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆိုထားတာပဲ ဖြစ်​ပါတယ်​။ လာမယ့်ရုံးချိန်းမှာ မျိုးဇော်ဦးအတွက် တရားခံပြသက်သေ တင်နိုင်ဖို့လည်း ကြိုးစား ရှာဖွေနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013