DVB Logo
Home
မြန်မာသတင်း
World Wood Day မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်​ကျင်းပမည်
DVB
·
April 2, 2018
World Wood Day မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်​ကျင်းပမည်
Donate to DVB

 

ကမ္ဘာ့သစ်သားနေ့ပွဲတော်  World Wood Day Myanmar 2018ကို လာမယ့်  ဧပြီ ၆ ရက်​မှ ၈ ရက်​ထိ မန္တလေးမြို့ မြို့​တော်​ခန်းမမှာ  ကျင်းပသွားဖို့ရှိနေတယ်လို့ မန္တ​လေးတိုင်း​ဒေသကြီး သစ်​​တောထွက်​ပစ္စည်း လုပ်​ငန်းများအသင်းတာဝန်ရှိသူတွေက ဒီကနေ့ မန္တလေးမှာ သတင်းစာရှင်းလင်းပြောပါတယ်။

World Wood Day Myanmar 2018 ပွဲမှာ  အမှတ်​တရသစ်​ပင်​စိုက်​ပျိုးတာ၊ ပန်းပုပြိုင်​ပွဲ ကျင်းပတာ၊ ပွတ်​လုံးထိုးသရုပ်ဖော်​တာ၊ နိုင်​ငံတကာယဉ်​​ကျေးမှုနဲ့ မြန်​မာ့ယဉ်​​ကျေးမှု အနုပညာ ဖလှယ်တဲ့ အနုပညာဖျော်​​ဖြေတင်​ဆက်​တာ၊ က​လေးငယ်​တွေနဲ့ ပတ်​သက်​တဲ့ ပညာ​ပေး အစီအစဉ်​တွေ၊ ယဉ်​​ကျေးမှုဆိုင်​ရာ အနုပညာလက်​မှုလုပ်​ငန်းတွေ၊ သစ်​​တောထွက်​ပစ္စည်းတွေနဲ့ ဆက်​စပ်​​တဲ့ သစ်​ ဝါး ကြိမ်​ ပစ္စည်းပြခန်းတွေ အပါအဝင် ​ပြခန်း​ပေါင်း ၁၃၈ ခန်း ပြသသွားမယ်လို့ မန္တ​လေးတိုင်း​ဒေသကြီး သစ်​​တောထွက်​ပစ္စည်း လုပ်​ငန်းများအသင်းဥက္ကဋ္ဌ ဦးရဲမင်းသူ ကပြောပါတယ်။

အဆိုပါပွဲကို International Wood Culture Society (IWCS) နဲ့ World Wood Day Foundation (WWDF)တို့က ကြီးမှူးပြီး မန္တ​လေးတိုင်း​ဒေသကြီး သစ်​​တောထွက်​ပစ္စည်း လုပ်​ငန်းများအသင်းက ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။

သစ်ဟာ သဘာဝ​ဂေဟစနစ်​အရအကျိုးပြု​တဲ့ ပြန်ပြည့်မြဲဇီဝရုပ်ထုပစ္စည်းဖြစ်ကြောင်း မီး​မောင်းထိုးပြဖို့နဲ့ အနာဂတ်​ရေရှည်တည်တံ့ရေးအတွက် အရေးပါမှုကို အသိပညာ​ပေးဖို့ အတွက် လှုပ်​ရှားမှုအနေနဲ့ နှစ်​စဉ်​ကျင်းပ​နေကြတာဖြစ်ပါတယ်​။

World Wood Day အခမ်းအနားတွေကို နိုင်ငံတကာမှာ ၂၀၁၃ ခုနှစ်ကတည်းက ကျင်းပလာတာဖြစ်ပြီး မြန်မာနိုင်ငံ မန္တလေးမြို့မှာတော့ ပထမဆုံး ကျင်းပတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013