DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် ၁၀ ဘီးကား ချောင်းထဲထိုးကျ၊ ၂ ဦး သေဆုံး
DVB
·
April 2, 2018
မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် ၁၀ ဘီးကား ချောင်းထဲထိုးကျ၊ ၂ ဦး သေဆုံး
Donate to DVB

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှာ ၁၀ ဘီးကားတစီး ချောင်းထဲထိုးကျလို့ ၂ ဦး သေဆုံးသွားတယ်လို့ ရဲက ပြောပါတယ်။

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင် ၁၂/၅ နဲ့ ၆ အကြားမှာ  ဧပြီ ၁ ရက်နေ့က ၁၀ ဘီးကားတစီး အရှိန်မထိန်းနိုင်ဘဲ သရက်ပင်ချောင်းအတွင်း ထိုးကျခဲ့တာလို့ ရှမ်းမငယ်ရွာရဲစခန်းမှူးက ပြောပါတယ်။

"မန္တလေးကို သွားမယ့်ကားပါ။ တံတားဘယ်ဘက်လက်ရန်းတွေတိုက်ပြီး ချောင်းထဲကျတယ်။ ကားက ပက်လက်လန်သွားတယ်။ ယာဉ်မောင်း ကိုဝင်းစိုးနဲ့ ယာဉ်နောက်လိုက် ကိုပြည့်စုံတို့ ၂ ဦးလုံး အခင်းဖြစ်နေရာတင် သေဆုံးကြတယ်။ ရန်အောင်မြင် ပရဟိတကား နဲ့ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်။"

မိတ္ထီလာရှမ်းမငယ်ရွာ ရဲစခန်းက သေဆုံးသွားတဲ့ ယာဉ်မောင်း ကိုဝင်းစိုးအား ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013